1 w - Translate

ချင်းမိုင်မြို့လေးရဲ့ High Season ဆိုတာ November ကနေ February လထိ Tourism တွေနဲ့ ပြည့်နှက်နေတဲ့မြို့လေးမို့ ဟိုတယ်မှာ နေမှာလား Hostel မှာ နေမှာလား Long stay နေချင်တာလား ကြိုပြီး Booking လုပ်ထားဖို့တော့ လိုပါမယ်နော် ☺️🇹🇭🇲🇲🙏
November 5–6 ဆိုရင် Yi Peng & Loy Krathong Festival လာပါတော့မယ် အဲ့ပွဲကတော့ Tourism တွေကြားမှာ အထူးခြားဆုံးနဲ့ ဗုဒ္ဓပူဇော်တဲ့နေ့မို့ အထူးတလည် လာရောက်လေ့လာရင်း ဝင်ရောက်ဆင်နွှဲကြပါတယ် ☺️🙏
ရှေးဟောင်းအမွေအနှစ်တွေထိန်းသိမ်းတဲ့ မြို့လေးဖြစ်တဲ့ ချင်းမိုင်မြို့ရဲ့ စည်ကားတဲ့ ပွဲတော်တစ်ခုလဲ ဖြစ်တဲ့အပြင် မီးမျော မီးပုံးလွှတ်ကြနဲ့ အရမ်းပျော်ဖို့ကောင်းတဲ့ပွဲတော်လေးပါ ယဉ်ကျေးမှုနဲ့လဲ ညီသလို စုပေါင်း ကြည်နူးပီတိ ပျော်ရွှင်ရတဲ့ ရိုးရာပွဲတော်လေးလဲ ဖြစ်ပါတယ် ထိုင်းနဲ့မြန်မာ တူတဲ့ထဲက တစ်ခုပေါ့နော် ☺️ 🇹🇭🇲🇲🙏
အဲ့ဒါတွေပြီးရင် Christmas, New Year ၊ ပန်းပွဲတော်တွေနဲ့ စည်ကားတဲ့အချိန်တွေ ရောက်လို့ လာပါပြီ အဲ့ကျရင်လဲ ဟိုတယ်တွေအပြည့် Tourism တွေရောက်လာကြတာ အားလုံးပဲ တွေ့ကြရမှာပါ အဲ့ဒါကြောင့် လာရောက်လည်ပတ်ဖို့ အစီအစဉ်ရှိခဲ့ရင်လဲ အားလုံး Booking လုပ်ထားကြဖို့ ပြောချင်တာပါ နေစရာ ကြိုစဉ်းစားထားရင်လဲ ပိုစျေးသက်သာမယ် ပိုစိတ်ချရမယ် လိုက်ရှာနေစရာ မလိုတော့ဘူး အပိုမကုန်တော့ဘူးပေါ့ ပွဲတော်ရက် ကပ်မှဆို ကားအဌားတွေ ဟိုတယ်တွေ မရတော့တာဖြစ်တတ်လို့ စျေးလဲ ပိုများပါတယ် Grab တွေကလဲ ကားပိတ်တဲ့နေရာတွေဆို မလိုက်ဘဲ Cancel ကြနဲ့ အဲ့လို ကြုံဖူးကြတဲ့သူတွေလဲ ရှိကြမှာပါ အဲ့တော့ခရီးသွားဖို့ တွေးထားရင် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါ ☺️🙏
အားလုံးကိုလဲ ချင်းမိုင်မြို့လေးကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ် အရမ်းလှပြီး နေချင်စရာကောင်းလှတဲ့ ချင်းမိုင်မြို့လေးဆိုတာ ဘယ်လိုလဲ တစ်ခါတစ်ခေါက်တော့ သိသွားအောင် လာရောက်လည်ပတ်ရင်း တောင်ပေါ်ဒေသရဲ့ အလှတွေကို ခံစားကြည့်သွားကြဖို့ အကြံပြုချင်ပါတယ် သာယာသောချင်းမိုင်မြို့လေးမှ ကြိုဆိုလိုက်ပါတယ် ☺️#crd

image