1 ပတ် - ဘာသာပြန်ပါ။

ဖြစ်ချင်တဲ့အိမ်မက်တွေထဲ ဒီလိုလေးလည်းပါတယ်။ သူငယ်ချင်းတွေပဲ အိမ်ဌားပြီးနေချင်တယ်။ မနက်တိုင်းကိုယ်စီအလုပ်အတူသွားမယ်။ အလုပ်အပြန်အိမ်မှာတွေ့ကြမယ်။ ထမင်းလက်ဆုံစားရင်း သူ့အလုပ်အကြောင်း ကိုယ့်အလုပ်ကြောင်းပြောမယ်။ မကျေနပ်တာတွေပါချင်ပါလောက်သလို အတင်းလည်းတုတ်ချင်တုတ်မှာပေါ့လေ။ ဖြစ်နိုင်ရင် တစ်နေ့တာကို အကုန်ရင်ဖွင့်ချင်တယ်။
ပြီးသွားတာနဲ့ ရုပ်ရှင်လေးစုကြည့်မယ်။ ဟာသကားဆိုရယ်မယ်မောမယ်။ drama ကားဆိုငိုမယ်။ တစ်ယောက်စိတ်ညစ်စရာရှိရင် တစ်ယောက်ကဖက်ထားမယ်။ အိမ်အလုပ်မှန်သမျှခွဲလုပ်မယ်။ အဲ့လိုနဲ့တစ်ညတာက ပျင်းရိခြင်းမရှိကုန်ဆုံးသွားမယ်။
အပြင်လောကမှာ စိတ်ညစ်စရာတွေကြုံရရင်တောင် အနည်းဆုံးတော့ ကိုယ်ပြောသမျှနားထောင်ပေးမဲ့လူ ကိုယ့်ကိုနားလည်ပေးတဲ့လူ ကိုယ်နဲ့ပျော်စရာတွေဖန်တီးပေးမဲ့လူတွေက အနီးကပ်ဆုံးမှာရှိနေတော့ စိတ်ညစ်ရလည်း တစ်ခဏတာပဲပေါ့🤍

image