မိုးအေးအေးမှာ ရှုးရှဲပွင့်ထွက်သွားပီ…
🍲အမဲအူကြမ်းစွတ်ပြုတ် 🍲
အမဲအူကြမ်းစွတ်ပြုတ်က မိုးအေးအေး ဆောင်းအေးအေးနဲ့ အရမ်းလိုက်ဖက်တာ
ဒီက အူကြမ်းတွေက တော်တော်ကို သန့်ပီးသားတွေဆိုတော့ အူဆေးရတာလည်း မခက်ပါဘူး
အူကို ဆန်မှုန့်နဲ့ဆေးလိုက်ရင် ဘာအနံ့မှမရတော့ဘူး
Beef stew အသားပါထည့်တယ်
Stew လုပ်တဲ့အသားတွေက အကြောပါတော့ စွပ်ပြုတ်လုပ်ရင် ကောင်းတယ်
🍲အူတွေကို သေချာဆေးပီးရင် တစ်ခါစားစာလေးတွေလှီးမယ်
🍲ရေပွက်ပွက်ဆူထဲ ခဏထည့်ပြုတ်ပီး ရေပြန်ဆေးချပါမယ်
🍲ဒါပြီးရင်တော့ အသားရော အူရော pressure cooker ထဲထည့်မယ် ရေထည့်ပါမယ်…..pressure cooker မရှိရင် ရိုးရိုးပြုတ်လည်းရတယ်
🍲ဂျင်း ကြက်သွန်ဖြူ များများ ….ငရုတ်ကောင်း စပါးလင် ရှောက်ရွက် နံနံမြစ် ဆား အားလုံးထည့်ပီး ချက်ပါ…
🍲Instant pressure cooker နဲ့ဆို 25 မိနစ် Timer ထားရင်ရပါပီ….ရိုးရိုးအိုးနဲ့ကတော့ ၁ နာရီလောက်ကြာမှ နူးမယ်ထင်ပါတယ်….pressure cooker သုံးတဲ့သူတွေက အဖုံးဖွင့်ပီးရင် ၁၀ မိနစ်လောက် ထပ်တည်ထားပါအုန်း…ဒါမှ အရသာပိုကောင်းပါတယ်….
🍲 နူးပီဆိုရင် အရသာမြည်းပါမယ်… ပေါ့နေရင် ဆားနဲ့ ကြက်သားမှုန့်ထပ်ထည့်ပါ…
🍲စိတ်ကြိုက်အရသာ ရပီဆို ဟင်းရည်ပူပူထဲကို ရှမ်းနံနံ သံပုရာသီး ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ငရုတ်ကောင်း
ထည့်ပြီး ရှူးရှူးရှဲရှဲနဲ့ သောက်လို့ရပါပြီ 🤭🤭🍲🍲🍲🍲
