7 w - Translate

❗️❗️❗️❗️❗️❗️❗️❗️❗️❗️
𝐒 𝐤 𝐞 𝐭 𝐜 𝐡 _ 𝟐 𝟎 𝟐 𝟒
𝐈 𝐌 𝐃 𝐛 𝐑 𝐚 𝐭 𝐢 𝐧 𝐠 _ 𝟕.𝟏
𝐑 𝐨 𝐭 𝐭 𝐞 𝐧 𝐓 𝐨 𝐦 𝐚 𝐭 𝐨 𝐞 𝐬 𝟗𝟔℅

Sketch ကတော့ Seth Worley ရေးသားဒါရိုက်တာလုပ်ရိုက်ကူးထားတဲ့ အမေရိကန် စွန့်စားခန်း စိတ်ကူးယဉ် မိသားစုရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး၂၀၂၄ ခုနှစ် စက်တင်ဘာလက Toronto International Film Festival (TIFF) မှာ ပထမဆုံးပြသခဲ့ပါတယ်။ဇာတ်ကားမှာ Tony Hale ၊ D’Arcy Carden ၊ Bianca Belle ၊ Kue Lawrence နဲ့ Kalon Cox တို အဓိကသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ Wyatt မိသားစုအပေါ် ကျရောက်လာတဲ့စမ်းချောင်းတစ်ခုရဲ့ မှော်ဆန်တဲ့စွမ်းအင်ကြောင့် ကလေးတွေရဲ့ဘဝတွေပြောင်းလဲသွားပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။မိခင်ဆုံးပါးပြီး ဝမ်းနည်းနေတဲ့ Wyatt မိသားစုက သားဖြစ်သူဂျက်ဟာ အိမ်နောက်ဖေးက စမ်းချောင်းတစ်ခုမှာ ကျိုးပဲ့နေတဲ့ပစ္စည်းတွေကိုပြန်လည်ကောင်းမွန်စေနိုင်တဲ့ မှော်စွမ်းအင်ရှိနေတာကို မြင်တွေ့လိုက်ရပါတယ်။ဂျက်ရဲ့ ညီမဖြစ်သူ အမ်ဘာကတော့ သူ့ရဲ့ဝမ်းနည်းမှုတွေကို ပုံဆွဲတဲ့နည်းနဲ့ ဖော်ထုတ်တတ်ပြီး သူ့ပုံတွေထဲမှာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပါဝင်နေခဲ့ပါတယ်။တစ်နေ့မှာတော့ အမ်ဘာရဲ့ပုံဆွဲမှတ်တမ်းဟာ မှော်စမ်းချောင်းထဲကျသွားရာကနေ သူဆွဲထားတဲ့သတ္တဝါကြီးတွေက အသက်ဝင်ပြီးမြိုတစ်ခုလုံးကို ခြိမ်းခြောက်လာပါတော့တယ်။အဲဒီအခါမှာတော့ မိသားစုဝင်အားလုံးပူးပေါင်းပြီး သတ္တဝါကြီးတွေကို တိုက်ထုတ်ဖိုကြိုးစားကြရပါတယ်။ဒီဖြစ်ရပ်တွေကြားကနေ မိသားစုဝင်တစ်ဦးချင်းစီရဲ့ ဝမ်းနည်းမှုတွေကို ရင်ဆိုင်ကျော်လွှားကြပုံကိုလည်း ဇာတ်ကားက မီးမောင်းထိုးပြထားပါတယ်။Sketch ဇာတ်ကားဟာ ဝမ်းနည်းမှုကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ မိသားစုဆက်ဆံရေးကို အဓိကပြသထားပြီး အထူးသဖြင့် ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားမှုကို နက်နက်ရှိင်းရှိင်းမြင်တွေ့ရပါတယ်။

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

🛡 ဇာတ်ကားကြည့်ဖို ချန်နယ်လေး
အရင် Join ပေးပါနော်
🤔 t.me/+gMKSeBITNEw4ZmVl
🤔 t.me/+gMKSeBITNEw4ZmVl


📱 ဇာတ်ကားကြည့်ရမယ့်လင့်လေးပါ
🤔 t.me/c/2262307150/151
🤔 t.me/c/2262307150/151

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

image