ဖြစ်ချင်တာတွေမဖြစ်ခဲ့ရင်
ဖြစ်နေတာတွေကို လက်ခံဖို့ကြိုးစားရင်း
ဒီနေ့နဲ့ဒီည ကိုခေါက်ရိုး အကျိုးတိုင်းစီးဆင်း..

တစ်ခုခုအဆင်မပြေတိုင်း
ဒီဘဝကြီးကိုပဲ အပြစ်တင်ပြီး
အသက်ရှင်သန်နေမှုကို
မလွန်ဆန်နိုင် သေးလို့
အတင်းရုန်းကန်..

ကိုယ့်အတွေးနဲ့ကိုယ် လုံးထွေးပြီး
ကြိတ်မျိုချထားတဲ့ ခံစားချက်တွေကို
သွန်ပစ်ဖို့ ကမ္ဘာနေရာအနှံ့အပြားလိုက်ရှာ
ကိုယ်ချင်းစာနေကြမို့
ကိုယ့်အပူကို ဘယ်မှာမှ မပစ်ရက်
မသွန်ရက်
မပြရက် တာနဲ့..

ကြိတ်မှိတ်ခံလက်စနဲ့
ဆက်ခံလိုက်ရတာပါပဲ...

ဖြစ်ချင်တာတွေမဖြစ်ခဲ့ရင်ဖြစ်နေတာတွေ
လက်ခံလိုက်ရတာပဲတဲ့...
နိစ္စဓူဝပဲပေါ့