7 w - Translate

" လူ ပေါင်းသင်းနည်း ( ၁၁ ) နည်း "
++++++++++++++++++
၁=အားနည်းတဲ့သူနဲ့ ပေါင်းရင် သူတို့ကို လေးစားပါ။
ဘာလို့လဲ ဆိုတော့ သူတို့မှာ အဲဒီအရာက လိုအပ်နေလို့ပါ။
၂=ဆင်းရဲတဲ့သူနဲ့ ပေါင်းရင် ပိုက်ဆံ ဘယ်လောက်ရနိုင်တယ်ဆိုတာကို တိုက်ရိုက် ပြောပြပါ။
၃=ထက်မြက်တဲ့သူနဲ ပေါင်းရင် အကောင်းဆုံးနည်းလမ်းက ရိုးသားဖို့ ဆိုတာကို မှတ်ထားပါ။
၄=အားကြီးတဲ့သူနဲ့ ပေါင်းရင် အစပျိုးစကားတွေ အများကြီးမပြောပဲ အဓိက အကြောင်းအရာ ( လိုရင်း ) ကို တန်းပြောပါ။
၅=စိတ်ထား မကောင်းတဲ့လူနဲ့ ပေါင်းရင် ဟန်ဆောင်နိုင်လေလေ ပိုကောင်းလေလေပါပဲ၊ မဟုတ်ရင် သင်ကိုယ်တိုင်ပဲ နစ်နာ ပါလိမ့်မယ်။
၆=မိန်းကလေးနဲ့ ပေါင်းရင် ဂုဏ်သိက္ခာအရ အလွန်အလျော့ပေးတာမျိုး မလုပ်ပဲ အရာအားလုံးမှာ သုံးပုံနှစ်ပုံ အလျော့ပေးပါ။
၇=လူတိုင်းကို အရမ်းဖော်ရွေ ပြတဲ့အခါ ၊ တခြားသူတွေက သင့်ကို ဖားယားတတ်တယ်လို့ ထင်ကြပါလိမ့်မယ်။
၈=သင့်ဘက်က အလျော့ပေးလွန်းတဲ့အခါ ၊ တခြားသူတွေက သင့်ကို ခိုင်းရလွယ်တဲ့သူလို့ ထင်သွားတတ်ကြပါတယ်။
၉=သင်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် သတ္တိနည်းတဲ့အခါ တခြားသူတွေက အနိုင်ကျင့်လို့ ရတဲ့သူလို့ သတ်မှတ်တတ်ကြပါတယ်။
၁၀=သင်က စကားများလွန်းတဲ့အခါ တခြားသူတွေက လိုရင်းကိုမရောက် ( လေပေါ ) တဲ့သူလို့ ထင်တတ်ကြပါတယ်။
၁၂=သင်က တက်ကြွလွန်းတဲ့အခါ တခြားသူတွေက သင့်မှာ အလုပ်မရှိ ဒါမှမဟုတ် အရည်အချင်း မရှိဘူးလို့ သတ်မှတ် တတ်ကြပါတယ်။
#credit

image