#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ချင်းမိုင်ရှိ CI စခန်းတွင် ၂၄ ရက်အတွင်း သက်တမ်းတိုးပြုလုပ်သူ တစ်သောင်းကျော်ရှိ
ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ CI စခန်းတွင် ၂၄ ရက်အတွင်းသက်တမ်း တိုးဝန်ဆောင်မှုပြုလုပ်သူ ၁၂ဝ၉၁ ဦးကျော်ရှိပြီဖြစ်ကြောင်းသိရသည်။
CI စခန်းအားဩဂုတ် ၆ ရက်မှစတင်ဖွင့်လှစ်၍ CI သက်တမ်းတိုး ဝန်ဆောင်မှုအားတစ်နေ့လျှင် မြန်မာအလုပ်သမား ၈ဝဝ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိရာ ဩဂုတ် ၂၉ ရက်အထိ ၂၄ရက်တာအတွင်း မြန်မာအလုပ်သမား ၁၂ဝ၉၁ ဦးကျော်ကို CI သက်တမ်းတိုးပေးပြီးဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ချင်းရိုင်၊ မယ်ဟောင်ဆောင်၊ လန်ပန်း၊ လန်ဖွန်း၊ နန်၊ ဖရဲ့၊ ဥဿရာဒစ်၊ ဆူခိုထိုင်းခရိုင်များ နှင့်မဲဆောက်မြို့တို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI)ထုတ်ပေးနိုင်ရန် ချင်းမိုင်မြို့၌ CI စခန်းဖွင့်လှစ်ထားကြောင်း သိရသည်။
မြန်မာအလုပ်သမားများအား CI သက်တမ်းတိုးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးမင်းကျော်လင်းက ဩဂုတ် ၂၉ ရက်တွင် ကြည့်ရှုစစ်ဆေး၍ CI စာ အုပ်ရယူကြသည့်မြန်မာနိုင်ငံသားများ၏ အချက်အလက်များ မှန်ကန်မှုရှိရေးနှင့် CI ထုတ်ပေးရေးလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့မြန်ဆန်မှုရှိစေရေး သေချာစွာ ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
