7 w - Translate

◼ ကျောက်မဲမြို့ရှိစစ်ဘေးရှောင် ၂၀၀ ကျော်ကိုလားရှိုးသို့အခမဲ့ပို့ဆောင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိစစ်ဘေးရှောင် ၂၀၀ ကျော်ကို လားရှိုးမြို့သို့အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံပရဟိတအဖွဲ့တစ်ခုထံမှသိရသည်။
ကျောက်မဲမြို့အတွင်းတိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများစစ်ဘေးရှောင်ရန် ကားခနှင့် နေထိုင်ရန်ငွေကြေးအခက်အခဲများရှိနေကြောင်း ယင်းပရဟိတအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
"လားရှိုးမြို့က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ကသူတွေပါ။ သူတို့ကဒီရောက်ရင်နေစရာ၊ စားစရာတွေ စီစဉ်ပေးမယ်ဆိုတော့ ကျွန်တော်တို့လည်း ကိုယ်တတ်နိုင်တာလေးတွေစုပေါင်းပြီး ကားခမတတ်နိုင်တဲ့သူတွေကို ကျောက်မဲကနေလားရှိုးကိုအခမဲ့ပို့ပေးတာပါ။ အခက်ခဲတော့ရှိပါတယ်။ ဖုန်းလိုင်းတွေမရတော့ ချိန်းတဲ့နေရာကိုအချိန်မီမရောက်ကြဘူး။ အဲဒီမှာတစ်အိမ်တက်ဆင်းလိုက်ခေါ်ရတော့ သွားလာရမယ့်အချိန်တွေ နောက်ကျတဲ့အခက်ခဲတွေ အများကြီးကြုံရပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိတွင်ကျောက်မဲမြို့ရှိစစ်ဘေးရှောင် ၂၀၀ ခန့်ကို လားရှိုးမြို့သို့ပို့ဆောင်ပေးထားပြီး ထပ်မံခေါ်ယူရန်စီစဉ်ထားကြောင်းသိရသည်။
သတင်း - ပိုင်လေး

image