1 ပတ် - ဘာသာပြန်ပါ။

၂၀၁၅ ခုနှစ်တုန်းက မိုက်ကယ်အော်ချာ့ဒ် (Michael Orchard) လို့အမည်ရတဲ့ အမျိုးသားတစ်ဦးဟာ အိမ်မှာရှိနေတုန်း ချောင်းဆိုးပျောက်ဆေးနဲ့ LSD လို့ခေါ်တဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတစ်မျိုးကို မှားပြီး ရောနှောသောက်မိခဲ့ပါတယ်
ဒီဆေးဝါးနှစ်မျိုး ရောစပ်မိတဲ့အခါ ပြင်းထန်တဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေကို ဖြစ်စေနိုင်ပါတယ် အဲဒီလို ဖြစ်ပေါ်နေစဉ်မှာဘဲ သူဟာ သူ့ရဲ့အိမ်နီးချင်းအိမ်က မီးလောင်နေတယ်လို့ ထင်မြင်ပြီး အလွန်အမင်း ထိတ်လန့်သွားခဲ့ပါတယ်
မိုက်ကယ်ဟာ သူ့ရဲ့အိမ်နီးချင်းကို ကူညီဖို့အတွက် ရဲရဲဝံ့ဝံ့ဆုံးဖြတ်ခဲ့ပြီး သူ့ရဲ့ကားထဲကနေ မီးသတ်ဆေးဗူး ကို ယူပြီး အိမ်ထဲကို ဝင်ရောက်ခဲ့ပါတယ် အိမ်ထဲကို ရောက်သွားတဲ့အခါ ဆေးဗူးတွေဖြန်းပြီးမီးငြိမ်းသတ်ခဲ့ပါတယ် အိမ်ထဲမှာရှိတဲ့ ခွေးလေးကို ကယ်တင်ဖို့အတွက်လည်း ရေကူးကန်ထဲကရေကို အမြန်ယူပြီး ခွေးကိုရေနဲ့ဖြန်းကာ ကယ်ဆယ်ခဲ့ပါတယ်
သူဟာ အဲဒီအိမ်ထဲကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အိမ်ထဲကပစ္စည်းတွေကိုတော့ မတော်တဆ ထိခိုက်မိတာမျိုး မရှိခဲ့ပါဘူး ဒါတွေအားလုံးဟာ အမှန်တော့ တကယ်ဖြစ်ပျက်နေတာမဟုတ်ဘဲ ဆေးကြောင့် ထင်ယောင်ထင်မှားဖြစ်ပြီး အပြင်မှာ လိုက်လုပ်နေတာဖြစ်ပါတယ်
နောက်ပိုင်းမှာ ရဲတွေရောက်ရှိလာတဲ့အခါမှာတော့ အိမ်ဟာ မီးလောင်နေခြင်းမရှိဘဲ မိုက်ကယ်ဟာလည်း ဆေးရဲ့အာနိသင်အောက်မှာ ရောက်နေတာကို သိရှိခဲ့ကြပါတယ် မိုက်ကယ်ကိုတော့ ဖောက်ထွင်းမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image