1 ပတ် - ဘာသာပြန်ပါ။

Hot dog Cheese Bread rollကြော်နည်း
ချိစ်အာလူးချောင်းကြော်နည်း
ငါးသားအချောင်းကြော်နည်းလေးတွေ တင်ပေးလိုက်ပါတယ်ရှင့်
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
Hot Dog cheese Bread ကြော်နည်း
ပါဝင်ပစွည်းများ
ပေါင်မုန့်ချပ်
ကြက်အူချောင်း
မုန့်ကြွပ် အမှုန့်
ချိစ် ( အတုံးအရှည်အသေး)
ကွကျဥ
ဂျုံမှုန့်
ငရုတ်ကောင်းမှုန့်
ပထမ ဦးစွာ ကြက်ဥချောင်ကြော်ပါ ( ကင်လည်းရတယ်)
ချိစ်ကို မိမိကြိုက်နှစ်သက်သော အနေအထားပိုင်းဖြတ်ပေးပါ.
ပေါင်းမုန့်ချပ် (အပြား) ကိုဘေးသားလှီးပြီး အသားပြာပုံစံဖြစ်အောင် တလှိမ်တုန်းနဲ့ ပေါင်မုန့်ပြားသွားအောင်လုပ်ထားပါ...
ကြက်ဥကို ဂျုံမှုန့်အနည်းငယ်နှင့် ငြုပ်ကောင်းမှုန့် အနည်းငယ်တို့နှင့် သမအောင်မွှေပါ....
ပေါင်မုန့်ပြားပေါ်တွင် ကြက်ဥချောင်း နှင့်ချိစ် တစ်ခုစီထည့် ပြီးလိပ်လိုက်ပါ....
လိပ်ထားသော ပေါင်မုန့်လိပ်ကို ခုနက မွှေထားသောကြက်ဥ အနှစ် ခွက်ထဲထည့် အနှစ်လူးပြီး
ပေါင်းမုန့်ကြွပ်အမှုန့် ကပ်ပေးပါ.....
ဒယ်အိုးဆိုထဲ ဆီထည့်ပြီ ဆီပူလာလျှင်ကြော်လို့ရပါပီး
ကြွပ်ကြွပ်ရွရွလေး မို့ အရမ်းစားကောင်းပါတယ်နော်..
.ချိစ်အာလူးလုံးကြော်နည်း 🍟🍟🍟
ကြွပ်ကြွပ်ရွရွလေး🍟🍟🍟likeခဲ့အုံးနော်🍟
ချိစ်အရသာ စိမ့်စိမ့်လေးနဲ့ အာလူးလုံးကြော်လေး ကိုယ်တိုင် မလုပ်စားချင်ဘူးလား ကြွပ်ကြွပ်ရွရွ၊ ပူပူနွေးနွေးလေး စားလို့ရအောင် ဘယ်လို ကြော်ရမလဲ ကြည့်ကြည့်ရအောင်ပါ။ ကိုယ့် Crush 😘 ကို ကြော်ကျွေးလို့ ရတာပေါ့ အရမ်းလွယ်ပါတယ်။
💓💓💓💓💓💓💓💓💓💓
ဒီPost(Page)လေးကို like & share လေလုပ်ထားဖို့တော့ လိုမယ်နော် 💝💝💝💝💝
ဟင်းချက်နည်းတွေ သီးသန့်တင်ပေးနေပါတယ်..
ချက်နည်းတွေ Page ထဲမှာအများကြီးရှိပါတယ်နော် စိတ်ကြိုက်ကြည့်လို့ရပါတယ်ဗျ...........
🍟🍟🍟🍟🍟🍟🍟🍟🍟🍟🍟
ချီစ်အာလူးလုံးကြော်နည်း
ပါဝင်ပစ္စည်း
😁😁😁😁
အာလူး-(၃) လုံး
သကြား- စားပွဲတင်ဇွန်း(၂) ဇွန်း
ဆား- အနည်းငယ်
ချိစ်အတုံးသေး- (၁၀) တုံးခန့်
ကြက်ဥ-(၁)လုံး
မုန့်ကြွပ်မှုန့်- ပန်းကန်လုံး(၁) လုံး
ချိစ်အာလူးလုံးကြော်နည်း
😋😋😋😋😋😋😋😋
၁။ ပထမဆုံး အာလူး(၃) လုံးကို အခွံနွှာပြီး ရေစင်အောင်ဆေးလို့ ပြုတ်လိုက်ပါ။ နူးအိလာပြီဆိုရင် ဆယ်ယူပြီး ကြိတ်ချေထားပါ။
၂။ အာလူးတွေ ကြေသွားပြီဆိုရင် သကြားလက်ဖက်စားဇွန်း (၂) ဇွန်း၊ ဆားအနည်းငယ် ထည့်ပြီး နယ်ပါ။
၃။ ကြက်ဥတစ်လုံး ခေါက်ထားပြီး ချိစ်အတုံးသေးလေးတွေနဲ့ မုန့်ကြော် ပြင်ဆင်ထားပါ။
၄။ အာလူးချေထားတာကို လက်ထဲမှာ အပြားလေးလုပ်ပြီး ချိစ်အသေးလေးတစ်တုံးထည့်ကာ အလုံးလေးတွေ လုံးပါ။ အာလူးတွေအကုန်
လုံးထားလိုက်ပါ။
၅။ ပြီးရင်တော့ အဲဒီ့အာလူးလုံးလေးတွေကို ခေါက်ထားတဲ့ ကြက်ဥထဲ ထည့်နှစ်ပြီး မုန့်ကြွပ်ကပ်ပါ။
၆။ အိုးထဲမှာ ဆီထည့်ပြီး ဆီပူလာရင် အာလူးလုံးလေးတွေ ထည့်ကြော်လို့ ရပါပြီ။ ရွှေရောင်သမ်းလာပြီဆိုရင်တော့ အရသာ Very Good တဲ့ ချိစ်အာလူးလုံးရပြီပေါ့
🙄🙄🙄 ချိစ်အတုံးသေးလေးတွေကို ဆိုင်တွေမှာအလွယ်တကူ ဝယ်လို့ရပါတယ်။ ကြော်တဲ့အခါမှာတော့ မတူးသွားအောင် ဂရုစိုက်ရပါမယ်။ မီးအေးအေး၊ ဆီများများနဲ့ အတွင်း၊အပြင် အကျက်ညီအောင် စိတ်ရှည်လက်ရှည်ကြော်ပေးပါ။
ဟင်းချက်နည်းကောင်းများလေ့လာရန် Page @ follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်တွေCopy ထပ်တင်ပေးပါမယ်ဗျ......

image