" ခွေးနှင့်တူသောယောက်ျား "
တစ်နေ့ညနေကလမ်းလျှောက်ရင်း
ဗိုက်ဆာလာလို့မုန့်ဝယ်စားတော့
ကျွန်တော့နောက်လိုက်လာတဲ့အိမ်ကခွေးကို
သူလဲဆာမှာပဲဆိုပြီးလမ်းဘေးထမင်းဆိုင်ကနေ
ထမင်းဝယ်ကျွေးတယ်။
ကျွန်တော့ခွေးစားနေတာကိုစောင့်နေရင်း
ကျွန်တော့ခွေးစားပြီးတာကိုလာစောင့်နေတဲ့
ခွေးမတစ်ကောင်ကိုသတိထားမိတယ်။
သူ့ပုံကိုကြည့်ပြီးသားပေါက်နေတဲ့ခွေးမဆိုတာ
သိလိုက်တယ်။
ကျွန်တော်ခွေးလဲစားပြီးရောအဲဒီခွေးမဟာ
ကျန်နေတဲ့ထမင်းလုံးနည်းနည်းလေးကို
ဝင်လျက်စားရှာတယ်။
အဲဒါမြင်တော့ကျွန်တော်စိတ်မကောင်းဖြစ်ပြီး
ထမင်းဝယ်ကျွေးလိုက်တယ်။
တော်သလင်းလလွန်ပြီးခုလိုခွေးသားပေါက်တဲ့
ကာလကိုရောက်ပြီဆိုရင်သားပေါက်နေတဲ့
ခွေးမတွေကိုကြည့်ပြီးမိန်းမသားတွေကိုပိုပြီး
လေးစားမိကရုဏာဖြစ်မိတယ်။
ဘာဆိုင်လို့လဲမေးစရာရှိပါတယ်။
ပြောပါမယ်။
ခွေးမတစ်ကောင်သားပေါက်ပြီဆိုရင်
သူ့အနားမှာခွေးထီးတစ်ကောင်မှမရှိတော့ဘူး။
သူတစ်ကောင်တည်းသာခွေးလေးတွေကို
နို့တိုက်ရတယ်။
အန္တရာယ်ကနေကာကွယ်ပေးရတယ်။
ခွေးလေးတွေစားတတ်လာရင်လဲအစာကိုရှာ
ချီယူခဲ့ပြီးကျွေးရှာတယ်။
တစ်ခါတစ်ခါမှာအစာကိုအတင်းဝင်ဆွဲလို့
လူတွေရဲ့ရိုက်နှက်တာခံရတဲ့ခွေးမတွေကိုလဲ
တွေ့ရတတ်တယ်။
ဒီသားလေးတွေအန္တရာယ်ကင်းကင်းနဲ့
ကြီးလာဖို့သူတစ်ကောင်တည်းသာကြိုးစားရတယ်။
သူ့နဲ့အတူတာဝန်ယူရှာကျွေး၊အန္တရာယ်
ကာကွယ်ပေးမယ့်ခွေးထီးတစ်ကောင်မှမရှိပါဘူး။
ခေတ်စကားနဲ့ပြောရရင်
စားပြီးနားမလည်လို့ပြောရမှာပဲ။
ဒီခွေးမဟာဘာကြောင့်ဒီလိုလုပ်လဲဆိုရင်
"မ"သတ္တဝါတွေမှာရှိတဲ့ကြီးမားလှတဲ့
မိခင်စိတ်ကြောင့်လို့ဆိုရမယ်ထင်ပါတယ်။
ကျွန်တော်ကတော့ခွေးပင်ဖြစ်လင့်ကစား
ကြီးမားလှတဲ့မိခင်စိတ်ရှိတဲ့ခွေးမတွေကို
လေးစားမိတယ်။
(မိန်းမသားတွေရဲ့မိခင်စိတ်အနစ်နာခံတဲ့စိတ်ကို
သိပြီးစာနာပြီးကျနော့်သားသမီးတွေကို
"အဖေနဲ့အမေနှစ်ယောက်လုံးသေမလိုဖြစ်နေလို့
အသက်ကယ်ဆေးထိုးရမယ် ဆေးကလဲ
တစ်လုံးပဲရှိတယ်ဆိုရင်
အမေ့ကိုသာထိုးရမယ်။"လို့ပြောထားတယ်။)
ခွေးမတစ်ကောင်တည်းရှာကျွေးရတယ်ဆိုတာ
"ဒါကခွေးသဘာဝလေကွာ"လို့ပြောစရာရှိတယ်။
မှန်ပါတယ်။
ဒါကတော့အသိဉာဏ်နိမ့်တဲ့တိရစ္ဆာန်ခွေးဆိုတော့
ခွေးထီးတွေကိုအပြစ်တင်စရာမရှိပါဘူး။
အသိဉာဏ်မြင့်တဲ့လူယောက်ျားတွေက
အဲဒီခွေးထီးနဲ့သွားတူနေရင်ခွေးလိုလုပ်ရင်တော့
အပြစ်တင်ရမှာပဲ။
အကြောင်းအမျိုးမျိုးကြောင့်
အိမ်ထောင်ကွဲသွားပြီဆိုရင်မိန်းမသားအများစုဟာ
ဒီယောက်ျားကိုမုန်းပေမဲ့ဒီယောက်ျားနဲ့ရထားတဲ့
ကလေးတွေကိုတော့မပစ်နိုင် ဘယ်နှယောက်ရှိရှိ
ဘယ်လိုပါ့ဖြစ်နေဖြစ်နေသူတို့ကပဲ
ရင်ခွင်ထဲထည့်ပြီးလုပ်ကျွေးတော့တာပါပဲ။
တချို့မိန်းမသားတွေဆိုလဲအိမ်ထောင်မကွဲပေမဲ့
ယောက်ျားကမိသားစုကိုမလုပ်ကျွေးတဲ့
ငပျင်း ၊ငဖျင်းဖြစ်နေတဲ့အခါသူတို့ကသာ
လုပ်ကျွေးတော့တာ။
ဒါကြောင့်လည်းမြန်မာ့ဆိုရိုးစကားမှာ
"အဖမဲ့သားရေနည်းငါး။"လို့ဆိုစကားမရှိဘဲ
"အမိမဲ့သား ရေနည်းငါး။"လို့သာဆိုစကားရှိနေတာပါ။
အထူးသဖြင့်အဆင်မပြေစွာနဲ့ဆင်းရဲပင်ပမ်းစွာ
လုပ်ကျွေးနေတဲ့မိန်းမသားတွေကိုမြင်ရင်ပိုလို့
သနားမိ၊လေးစားမိတယ်။
အဲလိုစိတ်ဖြစ်မိတာနဲ့အတူတစ်ဘက်မှာလည်း
ပစ်ထားတဲ့ယောက်ျားကိုအပြစ်တင်ရွံမုန်းမိတယ်။
အမျိုးမျိုးသောအကြောင်းတွေနဲ့အိမ်ထောင်
ကွဲတတ်ပါတယ်။ဒါပေမဲ့ တဏှာရာဂစိတ်နဲ့
အိမ်ထောင်ရေးဖောက်ပြန်လို့ကွဲသွားပြီး
ကိုယ့်မိန်းမနဲ့ကလေးတွေကိုမကြည့်ရှု့
မစောင့်ရှောက်တဲ့ယောက်ျားမျိုးဆိုရင်
"တော်သလင်းခွေးနဲ့တူတဲ့ယောက်ျား"လို့
အပြစ်တင်အပြစ်မြင်မိသလို
ဘယ်လိုပါ့ဖြစ်ဖြစ်သားသမီးတွေကိုလျှစ်လျှူမရှု့
ရသလိုစောင့်ရှောက်နေတဲ့ယောက်ျားမျိုးကို
မြင်ရင်တော့သာမန်ယောက်ျားထက်ထူးသူ
စိတ်ထားမြင့်မြတ်သူလို့
မြင်ပြီးလေးစားမိပါတယ်။
မူရင်းရေးသားသူ
စာပေချစ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ🙏
#credit:

image