စစ်တောင်းမြစ်ရေ တောင်ငူမြို့နှင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေ၍ ‌မိုး/ဇလက ရေကြီးသတိပေးချက်ထုတ်
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေကြောင်း မိုးလေးဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဩဂုတ်လ (၃၀) ရက် နံနက်ပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်ကို ပေဝက်ခန့်ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၁)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အတူ မဒေါက်မြို့အတွင်းလည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၂)လက်မခန့် ထပ်မံမြင်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့ အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ရှောင်ရှားနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

image