အီဇီကို အန်းဖီးကပွဲမှာ ကျောနံပါတ် ၁၀ အဖြစ် မြင်တွေ့ရနိုင်မလား အဖြေပေးခဲ့တဲ့ အာတီတာ
အာဆင်နယ်အသင်းနဲ့ အလွန်ကောင်းမွန်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေကို လုပ်ဆောင်ခဲ့တဲ့ အီဇီနဲ့ ပတ်သက်ပြီး အာတီတာက တော်တော်လေး သဘောကျခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကစားသမားကို ဒဏ်ရာရခဲ့တဲ့ မာတင် အော်ဒီဂွါဒ်နေရာမှာ ပွဲဦးထွက်ခွင့်ပေးနိုင်တယ်လို့ မျှော်မှန်းထားကြပြီး အာတီတာကတော့ ပွဲဗျူဟာအရ အတိအကျ အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
"ဟုတ်ပါတယ်။ သူနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်အထင်ကြီးမိခဲ့ပါတယ်။ သူနဲ့ပတ်သက်တဲ့အကြောင်း တော်တော်များများလည်း ကြားခဲ့ရပြီး သူ့အကြောင်းသိအောင် လူတော်တော်များများနဲ့လည်း ကျွန်တော် စကားပြောခဲ့တယ်။
အရမ်းတောက်ပပြီး ထူးခြားတဲ့ စွမ်းအင်ရှိသူပါ။ သူ့အနားမှာ ထူးခြားတဲ့ ကိုယ်ရောင်ကိုယ်ဝါရှိနေပါတယ်။ တကယ်ကို စိတ်ဆန္ဒပြင်းပြသူဖြစ်ပြီး သူက အသင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးနီးပါးကို မေးမြန်းစုံစမ်းပြီးပါပြီ။ ဒါက ကျွန်တော်တို့ ကွင်းထဲမှာ မြင်ချင်တဲ့အရာပါ။
ဒါပေမယ့ အထူးသဖြင့် ကျွန်တော််််တို့ သူ့ကို လွတ်လွတ်လပ်လပ်နဲ့ သူ့အရည်အသွေးတွေကို ထုတ်ဖော်ပြသနိုင်အောင် လုပ်ပေးဖို့ အရေးကြီးပြီး ကျွန်တော်တို့ ဘာကြောင့် သူ့ကို ခေါ်ယူခဲ့တာလဲဆိုတာ အားလုံးသိဖို့လိုပါတယ်။
ကျောနံပါတ် ၁၀ နေရာအတွက်က ကျွန်တော်တို့မှာ ရွေးချယ်စရာတွေရှိပါတယ်။ အဲဒါက ဒီနှစ်မှာ ကောင်းတဲ့အရာဖြစ်ပြီး အဲဒီတော့ ကျွန်တော် ပြောခဲ့သလိုပဲ မနက်ဖြန်ကျ ကြည့်ကြတာပေါ့။ ခင်ဗျားကို ဘာသဲလွန်စမှတော့ မပေးနိုင်ဘူး။
သူက အသင်းကို ရောက်လာတာက အသင်း အရည်အသွေးကို ခန့်မှန်းလို့မရဖြစ်စေပါတယ်။ ဒါက ခင်ဗျား ဒီနေရာမှာ ရှိနေချင်ရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်လိမ့်မယ်လို့ ထင်တယ်။
သေချာတာပေါ့၊ ကျွန်တော်တို့မှာ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့ ကစားသမားတွေအများကြီးရနေပြီး ကျွန်တော်တို့ လိုအပ်တဲ့အချိန်ကျရင် သူတို့က လစ်ဟာနေတဲ့ကွက်လပ်ကို ဖြည့်ပေးနိုင်တယ်။ ရာသီအစမှာပဲ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေက ရှိနေပြီဖြစ်ပြီး နေရာစုံကစားနိုင်တဲ့ ကစားသမားတွေက မရှိမဖြစ်လိုအပ်တယ်လို့ ထင်ပါတယ်၊ အဲဒီတော့ အဲဒီလို လုပ်နိုင်တဲ့ အရည်အချင်းမျိုးရှိနေတာကို ကျွန်တော် အရမ်းပျော်ပါတယ်။"လို့ ပြောကြားခဲ့ပါတယ်။
Photo credit to owner
#crd
#arsenalfc
