1 w - Translate

◼ အပူပိုင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် သြဂုတ် ၃၁ ရက် မှ စက်တင်ဘာ ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း မိုးကြီးနိုင်
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် သြဂုတ် ၃၁ ရက် မှစ၍ စက်တင်ဘာ ၃ ရက်အတွင်း နိုင်ငံတစ်ဝန်း မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ခန့်မှန်းထားသည်။
အဆိုပါ အပူပိုင်းမုန်တိုင်းငယ်သည် နောက် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်း အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ကာ မနက်ဖြန် (သြဂုတ် ၃၀)ရက် တွင် ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းချက်အရ သိရသည်။
သြဂုတ် ၃၁ ရက် မှ စက်တင်ဘာ ၃ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲ နှင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် (အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင်မူ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
“ဩဂုတ်လ ၃၁ ရက်၊နေ့လည် ၁၂ နာရီ မှ စက်တင်ဘာလ ၁ ရက် နေ့လည် ၁၂ နာရီအထိ - ၂၄ နာရီ မိုးရေချိန်သည် ပဲခူးတိုင်း(အရှေ့ပိုင်း)၊ နေပြည်တော်(မန္တလေးတိုင်း၊တောင်ပိုင်း)နှင့် မကွေးတိုင်း (တောင်ပိုင်း)ဒေသများတွင် မိုးအလွန်များနိုင်သည်။ မန္တလေးတိုင်းအလယ်ပိုင်း(မန္တလေးမြို့တောင်ဘက်)၊ မကွေးတိုင်းအလယ်ပိုင်း(နတ်မောက်၊ ရေနံချောင်း)၊ ရှမ်းပြည်နယ်တောင်ပိုင်း(တောင်ကြီးမြို့အောက်ဘက်)၊ ကယားပြည်နယ်တခုလုံးတွင် မိုးအသင့်အတင့်မှ မိုးများနိုင်သည်"ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း ကြိုတင်ခန့်မှန်းထားသည်။
ယင်းအပူပိုင်းမုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုကြရန်လည်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
သတင်း-အင်ကြင်း

image