ယောဂလေ့ကျင့်သူအားလုံးအတွက်
မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းလေးတွေရှိပါတယ်
ဘာလေးတွေလို့ ထင်ပါသလဲ 😍😍😍
Beginnerဘဝမှာလိုအပ်တဲ့ပစ္စည်းလေးတွေပါသလို အဆင့်မြင့် poseတွေအထိ တက်လှမ်းမယ့်သူများအတွက်လဲ လိုအပ်တဲ့ ပစ္စည်းအမျိုးအစား(၁၀)မျိုးခန့်ရှိပါတယ်..။ မဝယ်ရသေးသူတွေဝယ်ဆောင်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော် 🤓🤓
💗Yoga Bolster(ခေါင်းအုံးအပျော့)
တစ်ခါတလေခါးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေပါတဲ့အတွက် ခါးကြာကြာမထောင်နိုင်သူတွေ၊ ခါးနဲ့တင်ကြားခုချင်သူတွေအတွက် ရှိထားသင့်တဲ့ပစ္စည်းလေးပါ
💗Yoga Block(ဘလော့တုံးအမာ)
ခေါင်း၊ ရင်ဘတ်အောက်၊ ခါးအောက်၊ ပေါင်အောက်စသဖြင့်ထားလို့ရတဲ့ Blockတုံးအမာလေးတွေပါ တစ်ချို့ကျခါးနာတတ်သော်ငြား၊ ခေါင်းနာတတ်သော်ငြားလည်း Pose ကိုမပျက်ချင်တဲ့အတွက် အတိအကျဖြစ်အောင် Blockတုံးလေးတွေခံပြီး လေ့ကျင့်ကျပါတယ်
💗Yoga Mat
ဒါလေးကတော့ Beginnerဘဝထဲကရှိထားသင့်ပါတယ် ဘယ်Poseမဆိုစလေ့ကျင့်စမှာ ရိုးရိုးကြမ်းပြင်၊ အောက်ခံအစတွေနဲ့ဆို လက်နာတာ ကျိန်းတာတွေဖြစ်တတ်တာကြောင့် YogaMatလေးနဲ့မှအဆင်ပြေတာဖြစ်ပါတယ်
💗Yoga Suit
Sport Wearပေါ့ပေါ့ပါးပါးလေးတွေနဲ့မှ ဆန့်ရကွေးရလွယ်ကူလွတ်လပ်တာကြောင့် Sport Wearလေးတွေဝယ်ထားဖို့လဲမမေ့ပါနဲ့နော်..
💗Yoga Wheel
ခါးအောက်မှာခံတဲ့ wheelလေးတွေပါ
ပက်လက်ပိုစ့်တွေကိုကြာကြာခံနိုင်ဖို့ အကူအညီပေးပါတယ် တစ်ခုလောက်တော့ရှိထားသင့်ပါတယ်ရှင်..
💗Yoga Mat Straps
ယောဂဟာ အိမ်မှာဖြစ်ဖြစ်၊ဘယ်နေရာမှာဖြစ်ဖြစ် လေ့ကျင့်နိုင်ဖို့ Matမဖြစ်မနေလိုသလို Matကိုဒီတိုင်းသယ်သွားတာထက်စာရင် ကြိုးနဲ့တဖက်စီချည်ပြီးလွယ်သွားလို့လဲရပါသေးတယ် ယောဂဖျာလိပ်အတွက် ချည်တဲ့ကြိုးလေးတွေနဲ့ဆိုတော့ ဘယ်နေရာသယ်သွားသွားလဲလွယ်ကူတယ်လေ
💗Yoga Straps
ဒါကတော့ အဆင့်မြင့်သမားတွေလေ့ကျင့်ကြတဲ့ ယောဂposeတွေမှာ ယောဂကြိုးတွေနဲ့ ခြေထောက် လက် ခန္ဓာကိုယ်ကိုထိန်းတဲ့နေရာမှာအသုံးပြုရတာလေးတွေပါတာကြောင့် ဝယ်ဆောင်ထားကြပါတယ်
💗Yoga Ball
Gymတွေမှာလဲ တွေ့ရတတ်တဲ့ Balance Ballပါ
ပျော့အိအိလေးဖြစ်တာကြောင့် ခါးပဲတင်တင် ခြေထောက်ပဲတင်တင် တင်ပါးပဲတင်တင် အဆင်ပြေပြေလေး ခန္ဓာကိုယ်ကိုထိန်းထားပေးနိုင်ပါတယ်
💗ခေါင်းစည်းကြိုး
ဆံပင်ရှည်လေးတွေကတော့ ဝယ်ကိုဝယ်ရမှာပါနော် ချွေးတွေထွက် ဆံပင်တွေကပ် ဟိုငြိဒီငြိမဖြစ်ရလေအောင် Yogaစတော့မယ်ဆိုတာနဲ့ ဆံပင်လေးသာစည်းထားလိုက်ပေတော့
💗Towel
Yogaကျင့်ပြီးတဲ့အခါချွေးသုတ်ဖို့ လိုအပ်ပါတယ်
ဘေးနားမှာ Towel တိုလေးတွေ အမြဲဆောင်ထားပေးသင့်ပါတယ် ရှင်😍
#newgoalyoga
#yogastuffs

image