၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မစ်ရှီဂန်ပြည်နယ်ရဲတွေဟာ ရုပ်ရှင်ဆန်ဆန် ထူးခြားတဲ့ လျှို့ဝှက်စစ်ဆင်ရေးတစ်ခုကို အကောင်အထည်ဖော်ခဲ့ပါတယ် အဲဒါကတော့ သတို့သား ၊ သတို့သမီး ၊ ပန်းတွေနဲ့ ဧည့်သည်တွေအပြည့်ပါတဲ့ မင်္ဂလာပွဲအတုတစ်ခုကို ဖန်တီးခဲ့တာပါ
ဘာကြောင့်ဒီလိုလုပ်ခဲ့တာလဲဆိုတော့ သူတို့ဟာ အဲ့ဒီမင်္ဂလာပွဲကို ဒေသခံ မူးယစ်ဆေးဝါးရောင်းဝယ်သူအားလုံးကို အထူးဧည့်သည်တော်တွေ အနေနဲ့ ဖိတ်ခဲ့ပြီး အားလုံးကို တစ်စုတစ်စည်းထဲ ဖမ်းဖို့အတွက်ဖြစ်ပါတယ်
မင်္ဂလာပွဲအတု စတင်ပြီး မကြာခင်မှာဘဲ ရဲတွေဟာ စတင်လှုပ်ရှားခဲ့ပြီး ရာဇဝတ်သား ဒါဇင်နဲ့ချီတဲ့သူတွေကို တစ်ပြိုင်နက်တည်း ဖမ်းဆီးခဲ့ပါတယ် ဒီစစ်ဆင်ရေးဟာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေစိုးမိုးရေးသမိုင်းမှာ ပြောစမှတ်တွင်ခဲ့တဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
