အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်က တားနာဂီလ်ဖို့ဒ်နိုက် (Turner Guilford Knight) အကျဉ်းထောင်မှာ နီလ်ဒီပက်ဇ် (Neal Depaz) နဲ့ ဒေစီလင့်ခ် (Daisy Link) တို့ဟာ လူသxတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေဖြစ်ပြီး သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် မတွေ့ဖူးကြပါဘူး
ဒါပေမဲ့ သူတို့ကိုထားရှိတဲ့ အခန်းတွေဟာ လေဝင်လေထွက်ပြွန် (air vents) တွေကနေတစ်ဆင့် ဆက်သွယ်ထားတာကြောင့် စကားပြောနိုင်ခဲ့ကြပြီးနောက် ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်
ဒီလိုနဲ့ အချိန်အနည်းငယ်ကြာတော့ ဒီပက်ဇ်က ကလေးလိုချင်ကြောင်း ပြောဆိုပြီးနောက် သူတို့နှစ်ဦးဟာ အချင်းချင်းမထိတွေ့ဘဲ ကလေးယူဖို့ အစီအစဉ်တစ်ခုကို ချခဲ့ပါတယ်
ပက်ဇ်ဟာ သူ့ရဲ့ သုက်ပိုးကို ပလပ်စတစ်ရက်စ် (Saran wrap) ထဲမှာ ထည့်ပြီး ဆေးပြင်းလိပ်လို လုံးလိုက်ပါတယ် အဲ့ဒီနောက် ကြိုးတစ်ချောင်းကို အသုံးပြုပြီး လေဝင်လေထွက်ပြွန်ကနေ လင့်ခ်ရဲ့ ဆဲလ်ခန်းဆီကို ပို့ဆောင်ပေးခဲ့ပါတယ် လင့်ခ်ကလည်း အဲဒီသုက်ပိုးထုပ်ကို လက်ခံရရှိပြီးနောက် မှိုပိုးဝင်တဲ့အခါ အသုံးပြုတဲ့ ဆေးထည့်ပြွန် (yeast infection applicator) ထဲကို ထည့်ပြီး ကိုယ်ဝန်ရရှိအောင် သူ့ကိုယ်သူ သုတ်သွင်းခဲ့ပါတယ်
ဒီလိုအစွန်းရောက်တဲ့ နည်းလမ်းဟာ သန္ဓေအောင်ဖို့အတွက် အခွင့်အရေးနည်းပါးပေမဲ့ အံ့ဩဖွယ်ရာနဲ့ဘဲ သူတို့ဟာ အောင်မြင်ခဲ့ပြီး ကျန်းမာတဲ့ကလေးငယ်တစ်ဦးကို မွေးဖွားနိုင်ခဲ့ပါတယ် ဒီဖြစ်ရပ်ဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အကျဉ်းထောင်ရဲ့ လုံခြုံရေးစည်းကမ်းတွေအပေါ်မှာ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်
ဒီဖြစ်ရပ်ဟာ လူသားတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဆန္ဒပြင်းပြမှုက အခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်လဲဆိုတာကို ပြသနေတဲ့ ထူးခြားတဲ့ သာဓကတစ်ခုလည်းဖြစ်ခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
