1 w - Translate

တပွင့်ထဲ ပန်းဆိုရင်
တယောက်ထဲ နမ်းချင်တယ်
အဲ့ဒါ အတ္တဆိုရင်
ဟုတ်တယ် ငါ အတ္တကြီးတယ်
အချစ်ကြီးတာလည်း မဟုတ်သလို
အတ္တကြီးတာလည်း မဟုတ်ဘူး
တန်ဖိုးကြီးတာပါ။
ပိုင်ဆိုင်ချင်တယ်ဆိုတာ တန်ဖိုးထားလို့ပဲလေ။
တသက်လုံးအတွက်ဆို
တယောက်ထဲနဲ့ လုံလောက်စေချင်တယ်
အဲ့ဒါ အတ္တဆိုရင်
ဟုတ်တယ် အဲ့အတ္တတော့ရှိတယ်
ဒါပေမယ့်
ငါ့စိတ်ငါနိုင်ပါတယ်
ဟိုတဖက်ကို စိတ်ယိုင်ခဲ့ရင်
ဟိုလက်ကို မြဲအောင်ကိုင်လိုက်ပါ
သုံးပွင့်ဆိုင်ရင် ငါမပိုင်ချင်ဘူး
အဲ့ဒါဟာ အတ္တ မဟုတ်ပါဘူး
ကိုယ့်တန်ဖိုးရဲ့ မာနပေါ့
တကယ်ပြောတာပါ
#အဲ့ဒါဟာ_အတ္တမဟုတ်ပါဘူး
#ကိုယ့်တန်ဖိုးရဲ့_မာနတွေပါ
ညို့သခင်