အခုခေတ်ကာလကြီးဟာ ခေတ်ပျက်ကြီး
ဖြစ်လာပြီ ဖြစ်တဲ့အလျောက် မကောင်းတာလုပ်စားတဲ့အမျိုးသမီးလေး အချို့လည်း
social media ပေါ်တက်ပြီး ကြွယ်ပြနေကြပါပြီ...
"ဒီလို လုပ်ရင် ငွေဒီလိုရတယ်" ဆိုပြီး
ပြောထွက်နေကြတဲ့ ခေတ်ကာလကြီးမှာ
သမီးလေးတွေ ၊ ညီမလေးတွေ လုံးဝ ( လုံးဝ)
အတုယူမမှားကြပါနဲ့... လမ်းလွဲမလိုက်ကြပါနဲ့... ဘယ်လောက်ပဲ ကြွယ်ပြ ကြွယ်ပြ၊ ဘာတွေပဲ
ပြောနေပါစေ အထင်ကြီးစိတ်မဖြစ်ကြပါနဲ့...
ကိုယ့်ခန္ဓာကိုယ်နဲ့ရင်းပြီးဝင်ငွေရှာ၊
ခပ်ရိုင်းရိုင်းပြောရရင် အချောင်းပေါင်းစုံ ဆိုဒ်စုံ
မျိုးစုံ အထိုးခံနေရတဲ့ ဘဝ...
အာ့လို မျိုးမှ ငွေရရှာတဲ့ မိန်းကလေးတွေ ...
စိတ်မကောင်းစရာပါ...
မကောင်းတာ လုပ်စားနေရင်တောင် တိုးတိုးတိတ်တိတ်နေရမှာဖြစ်ပေမယ့် အခုက social media ပေါ်တက်ပြီး ဆွယ်နေ၊ ကြွယ်ပြနေတဲ့ ခေတ်ကြီးဖြစ်နေပါပြီ...
ဘဝမျိုးစုံ အကြောင်းမျိုးစုံတွေကြောင့် ဒီလိုဘဝမျိုးရောက်နေရရှာတဲ့ အမျိုးသမီးလေးတွေဟာ
တစ်ဖက်က ကြည့်ရင် သနားဖို့လည်း ကောင်းပါတယ်...
ဆင်းရဲလို့ ငွေရလွယ်တဲ့ ဒီအလုပ်ကို
လုပ်တယ်ဆိုတာမျိုးကို စာရေးသူ လက်မခံပါဘူး... အလွယ်လမ်းလိုက်လို့သာ ဒါမျိုးလုပ်နေကြတာပါ...
ဆင်းရဲပေမယ့် ဒီခေတ်ကြီးမှာ ပညာလေး
တတ်အောင်သင်၊
ကောင်းရောင်း ကောင်းဝယ်လေးတွေလည်း
လုပ်စားလို့ရနေပါတယ်...
ဒီမကောင်းတဲ့အလုပ်လောက်တော့ ဝင်ငွေရချင်မှ
ရပေမယ့် ဂုဏ်သိက္ခာဆိုတဲ့ စကားဟာ အလကားမဟုတ်ပါဘူး...
အသက်တဖြည်းဖြည်းကြီးလာမယ်၊
အိမ်ထောင်တွေ ကျမယ်၊ သားသမီးတွေရလာမယ်..
ဒီ မကောင်းတဲ့ အရိပ်မည်းကြီးက မလိုက်လာဘူးလို့ ပြောနိုင်လား...
မကောင်းတာ လုပ်စားနေတဲ့ မိန်းကလေးတွေကို
ဘယ်ယောကျ်ားမှ တန်ဖိုးထားမှာမဟုတ်ဘူးတို့၊
ဘာတို့ညာတို့တော့ ဝါးလုံးရှည်နဲ့ ရမ်းပြောလို့မရပါ... ယောကျ်ားဆိုတဲ့အမျိုးက သူတို့တကယ်ကြိုက်မိရင်
no reason... ဘာဖြစ်ဖြစ် ယူတာ...
ဘာကြီး ဖြစ်နေပါစေ၊ သူတို့ ယူရဲတယ်...
အာ့တာ ယောကျ်ား သဘာဝပါပဲ...
Social media ပေါ်မှာ မကောင်းတာ လုပ်စားတာကို ကြွယ်ပြနေတဲ့ အမျိုးသမီးလေးတွေအနေနဲ့
ဒါဟာ ဂုဏ်ယူစရာမဟုတ်သလို
တစ်ည ဘယ်လောက်ရရ ကြွယ်ပြစရာ
လုံးဝမဟုတ်ပါ... တိုးတိုးတိတ်တိတ်နဲ့ လူသိမခံရမယ့် အနေအထားမျိုးနဲ့ နေရမှာပါ...
အခု က တစ်ကမ္ဘာလုံး ပျံ့၊ တစ်နိုင်ငံလုံးသိဆိုရင်
နောင်အနာဂတ်မှာ ကိုယ့်မျိုးဆက်လေးတွေ၊
အရင်ဆုံး ကိုယ့်မိဘမောင်ဖွား၊ ဆွေမျိုးတွေရဲ့ မျက်နှာ...
ဘယ်သူမဆို မိဘဆွေမျိုးအသိုင်းအဝိုင်းလည်း
ရှိကြမှာပါ...
ရှက်စရာကို ရှက်ရကောင်းမှန်း သိကြပါစေ...
သမီးလေးတွေ ညီမလေးတွေလည်း အထင်ကြီးစရာမဟုတ်တာကို ယောင်လို့တောင် အတွေးမမှား ၊
လမ်းမမှားကြပါစေနဲ့...
ယောကျ်ားတစ်ကာရဲ့ အညစ်အကြေးစွန့်ရာနေရာ ၊
ဘဝမျိုးဘယ်တော့မှ အဖြစ်မခံကြပါနဲ့...
ဖြစ်နေရင်တောင် လူသိမခံကြပါနဲ့...
စုမိစောင်းမိပြီ၊ တူတူတန်တန်လေး ရမိပြီဆိုရင်
ရုန်းထွက်ပါ... ကောင်းမွန်တဲ့ အမျိုးသမီးအဖြစ် ကြိုးစားရပ်တည်ရှင်သန်နေထိုင်သွားပါ...
ဂုဏ်မဆာသင့်တဲ့ဟာကို ဂုဏ်မဆာ၊
ရှက်စရာကို ရှက်စရာလို့ မြင်တတ်ကြပြီး လုံးဝ အထင်ကြီးစရာ အားကျစရာမကောင်းတာမျိုးကို မှားယွင်းတဲ့ အတွေးတွေ မဝင်မိပါစေနဲ့လို့
မေတ္တာရှေ့ထားပြီး ရေးသားလိုက်ရပါတယ်...
