2 ပတ် - ဘာသာပြန်ပါ။

ဖော်ကာ တွေ live လွှင့်ပြောရဲတဲ့အထိ
ခေတ်အခြေအနေတွေကဖြစ်လာနေပြီဗျ ..
ဒါတွေမြင်တော့
ငယ်ငယ်ကအချိန်တွေပြန်သတိရမိတယ်
၉၀ လောက်က သင်္ကြန်တွင်းမှာ
အစ်ကိုတစ်ယောက် ဘီယာသောက်တာကို
လူမသိအောင် သွားခိုးသောက်နေတာမြင်တော့
အဲ့ခေတ်က အရက်သမားပြောခံရမှာ
ကြောက်ကြတယ်လို့ တွေးမိခဲ့တယ်
ကျွန်တော်တို့ ၂၀၀၀ ခေတ်တွေရောက်တော့
ဘီယာဟာ အရက်တော့မဟုတ်ပါ
တစ်ငွေ့ငွေ့လေးနဲ့အတော်လာတာ ဆိုတဲ့
ကြော်ငြာနဲ့အတူ
ဘီယာသောက်တာဟာ ယဉ်ကျေးမှု့တစ်ခု
ဖြစ်လာတယ်
ဒါပေမယ့်
ဆေးသမားဆိုတာကတော့ ရပ်ကွက်တစ်ခုမှာ
တစ်ယောက်စ နှစ်ယောက်စဆိုသလိုပဲရှိတယ်
ခုခေတ်ကျ
ယောကျ်ားမိန်းမတန်းတူ ဘီယာအရက်
သောက်နေကြပြီး ထူးဆန်းတဲ့ကိစ္စ
မဟုတ်တော့ဘူးပေါ့
ဒါ့အပြင် k ရှုတာ E ချတာ happy water သောက်တာ
တွေကို အပျော်သဘောပြောဆိုနေကြတော့
လက်ရှိမြန်မာနိုင်ငံဟာ
အရက်သမား ဆေးသမားအများဆုံးသော
ကမ္ဘာ့နိုင်ငံတစ်ခုလို့ပြောရင်တောင်
မမှားနိုင်ပါဘူးဗျ …
အများညီရင် ဤဟာကျွဲလို့ ဖတ်ရတယ်တဲ့
လက်မခံပါဘူး
ဤ ဟာ ဤ ကျွဲ ဟာ ကျွဲပါ
ခေတ်ကို မှီအောင်
ခေတ်နဲ့ သယဇာတဖြစ်အောင်
နေထိုင်ကြရမယ်ဆိုပေမယ့်
အသိ သတိလေးတော့ထားရမယ်ဗျ
အများကြီးရှင်းပြဖို့ လိုမယ်မထင်ပါဘူး
ပျက်စီးနေတာကို ပျက်စီးနေပြီလို့
သိဖို့နဲ့ ဆင်ခြင်ကြဖို့ပါပဲဗျာ ….
#crd_to_owner_with_respect

image