2 ပတ် - ဘာသာပြန်ပါ။

ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား ဝတ္ထု 🕵️
စုံထောက်မောင်စံရှားအကြောင်းကတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ဒီစာအုပ်ကို ဖတ်ဖူးခဲ့တာတော်တော်ကြာနေပြီ​ဖြစ်ပေမဲ့ စုံထောက်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ဝါသနာတူလေးတွေအတွက် ဒီစာအုပ်လေးကို စမ်းဖတ်ကြည့်ဖို့အတွက် ရေးသားလိုက်ပါတယ်။
📖 စာအုပ်ထဲမှာ ပါဝင်တဲ့အဓိက ဇာတ်လမ်းတွေကတော့
- တစ်ကျွန်းပြန်တစ်ယောက်အမှု
- ရှိမ်းမကားရွာ လူသတ်မှု
- စံဖဲအလောင်းတွေ့မှု
- စံရှားနှင့်စံဖဲ
- ပွေလီအင်းခွေးကြီးအမှု
- လေးပွင့်ဆိုင်
စတဲ့ အကြောင်းအရာတွေကို ဖတ်ရှုခံစားရမှာပဲဖြစ်ပါတယ်
ဇာတ်လမ်းတစ်ခုချင်းစီတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာမျိုးစုံ၊ ဇာတ်အိမ်မျိုးစုံ၊ ဇာတ်ကွက်မျိုးစုံကို သည်းထိတ်ရင်ဖိုဆန်ဆန် ဖတ်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။
Lynn စဖတ်တဲ့အချိန်တုန်းက စုံထောက်ဝတ္ထုတွေနဲရင်းနှီးမှုမရှိသေးတဲ့အရွယ်ပါ။ အမှန်တိုင်းပြောရရင် အဲ့စာအုပ်ကိုဝယ်ဖြစ်လိုက်တာက ဆရာကြီးရွှေဥဒေါင်း ဆိုတဲ့ကလောင်နာမည်ကြောင့်။ စာအုပ်စကိုင်ဖတ်ကြည့်တော့ အရေးအသား၊ ဇာတ်အသွားအလာတွေက ခပ်စိမ်းစိမ်းရယ်။ ဘယ်ကြိုက်မလဲ ကိုယ်က ကလေးပဲရှိသေးတာကိုး။ ကာတွန်းစာအုပ်တွေနဲ့ ပျော်မွေ့ရမဲ့အချိန်လေးမှာ ဒီထူးထူးဆန်းဆန်းစာအုပ်ကြီးကို ဖတ်နေရတာဟာ စိတ်ညစ်မှုတစ်ခု။ (ဘယ်သူမှလည်းမဖတ်ခိုင်းဘူး။ ဘယ်သူမှလည်းမဝယ်ခိုင်းဘူး။ ကိုယ့်ဘာသာ ဝယ်ပြီးသားဖြစ်နေလို့ ဖတ်ခဲ့ရတယ်🥹)
ဒါ​ပေမဲ့ တစ်ခန်းစ၊ နှစ်ခန်းစပြီးတော့ ဇာတ်ရှိန်တက်လာလေတယ်။ နောက်ဆက်တွဲ ဘယ်လိုအမှုတွေဖြေရှင်းမှာလဲ၊ တရားခံကရောဘယ်သူလဲ ဆိုတာတွေ ဆတိုးဆတိုးတွေးမိရင်း စပ်စုချင်လာမိရော။ ကြားထဲ ခုလို သင်္ကြန်ပိတ်ရက်မှာ ကမ်းခြေဘက်ခရီးသွားချိန်မှာတောင် စာအုပ်လေးယူခဲ့ပြီး လမ်းခရီးတောက်လျှောက် တွေးရင်းတောရင်း ဆက်စပ်ရင်း ဖတ်ခဲ့ပြန်တယ်။ သွေးတရဲရဲ၊ စပ်ဆုပ်ဖွယ် အခန်းလေးတွေဖတ်မိပြန်တော့လည်း ကြောက်မိပြန်တယ်။ ဒီစာအုပ်လေးရဲ့ အမှတ်တရကတော့ နွေရာသီကျောင်းပိတ်ရက် ကမ်းခြေဘက်အပန်းဖြေခရီးထွက်ချိန် ပျော်ပါးနေချင်တဲ့စိတ်ကတစ်ကြောင်း၊ စာအုပ်လေးကို အဆုံးထိအပြီးဖတ်မယ်ဆိုတဲ့ စိတ်ကတစ်ကြောင်း စိတ်နှစ်ခု လွန်ဆွဲခဲ့တဲ့ကြားမှ အပြီးသတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် 💛
အားလုံးကိုလည်း ဖတ်ကြည့်ကြည့်ဖို့ အကြံပေးပါတယ်ရှင်။
>> Review by Lynn
#booksharing
#allinbookshelenasharing
#books

image