ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားနေကျ
စကားတစ်ခွန်းရှိတယ်။
"ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကိုရှာ၊ ကိုယ်ချစ်က ကိုယ်ကပဲ အလျှော့ပေးရတယ်၊ သူချစ်ကိုရှာမှ ကိုယ့်ကို ဂရုစိုက်တာ၊ ကိုယ့်ကိုအလျှော့ပေးတာ"
ဆိုတဲ့ စကားပဲ ဖြစ်တယ်။
အဲဒီလိုပြောတဲ့သူ အများစုဟာ Relationship ပြတ်စဲသွားသူ၊ ထားခဲ့ခံရသူ၊ ကျန်ခဲ့သူတွေ
ဖြစ်ပါတယ်။
ဒါ့ကြောင့် ကိုယ်ချစ်ကို မရှာတော့ပဲ သူချစ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကိုယ်ဟာ ကိုယ်ချစ်ကို ရှာခဲ့မိလို့ Relationship တစ်ခု ပြတ်စဲသွားခဲ့ပြီ။
ဒါဆိုရင်.. ကိုယ့်ကို လာချစ်မဲ့သူရဲ့ နေရာကို ခဏလောက်ဝင်ကြည့်ကြရအောင်။
သူကရော သူချစ်ကိူ ရှာမယ်ဆိုရင် ဒီ Relationship ဟာ ခိုင်မြဲမယ်ထင်ပါသလား...။
No ပါ။ ကိုယ်ချစ်ချည်းပဲ ဖြစ်နေသရွေ့ဒီ Relationship ဟာ မမြဲပါဘူး။ သူချစ်ချည်းပဲ ဖြစ်နေသရွေ့ဒီ Relationship ဟာ မမြဲပါဘူး။
တကယ်တော့ Relationship တစ်ခု ပြတ်စဲသွားခြင်းရဲ့ အဓိက အကြောင်းရင်းဟာ ကိုယ်ချစ်ကို ရှာလို့လည်း မဟုတ်သလို.. သူချစ်ကို ရှာလို့လည်း
မဟုတ်ပါဘူး။
နားလည်မှု့ မရှိလို့သာ ဖြစ်ပါတယ်။
သူစိမ်းနှစ်ယောက် ပေါင်းဖက်ဖို့၊ တွဲလက်တွေ မြဲဖို့ဆိုတာ နားလည်မှု့ရှိမှ ဖြစ်မှာ။ ကိုယ့်အားနည်းချက်ကို သူက ပြင်ပေးလိုက်၊ သူ့အားနည်းချက်ကို ကိုယ်ကပြင်ပေးလိုက်။ နားလည်ပေးသင့်တာကို နားလည်ပေးပြီး ညှိနှိုင်းသင့်တာကို ညှိနှိုင်းမှ ရေရှည်တည်တံ့တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်မှာပါ။
Relationship တစ်ခု ပြတ်စဲသွားခြင်းဟာ ကိုယ်ချစ်ကို ရှာလို့လည်း မဟုတ်သလို သူချစ်ကို ရှာလို့လည်း မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာချင်း ထပ်တူ မကျလို့သာ ဖြစ်ပါတယ်။
ဒီတော့ ကိုယ်ချစ်ကိုလည်း မရှာပါနဲ့။
သူချစ်ကိုလည်း မရှာပါနဲ့။
ချစ်ခြင်းမေတ္တာချင်း ထပ်တူကျတဲ့သူနဲ့သာ
နားလည်မှု့ ရှိရှိနဲ့ ပျော်ရွှင်စရာ Relationship လေးတစ်ခုကို တည်ဆောက်ပါ။ 💛🌻