2 ပတ် - ဘာသာပြန်ပါ။

မကောင်းလည်းဖုံး, ကောင်းလည်းမုန်း
လူသည် တရားသိလျှင် စွမ်းအားရှိသော်လည်း ကိလေသာ ပိတ်ဖုံးနေလျှင် မကောင်းသောလူကိုလည်း “မကောင်း” ဟု မကြိုက်၊ ကောင်းသောလူကိုလည်း “ကောင်းသည်” ဟု ငါနှင့်တူသည်၊ ငါ့ ထက်သာသည်ဟုမကြိုက်၊ မကောင်းသူကို ဖုံးပစ်၍ ကောင်းသူကို မုန်းတတ်၏။
✿ ကုသိုလ်ပြုလျင်...
ကုသိုလ်လုပ်လျှင် ထက်သန်ပြင်းပြသောဆန္ဒကို ရှေ့သွား၍ တိကျလေးနက် ပြတ်သားသော ရည်မှန်းချက်ဖြင့် အကွက်ဖော်ကာ ထားရှိရမည်၊ နိဗ္ဗာန်ထိ ဦးတည်ထားရမည်ဖြစ်၏။
✿ ကံကို ဉာဏ်နဲ့ကြည့်
သစ်ပင်မှာ အသီး သီးပေးနိုင်တဲ့သတ္တိကို လက်တွေ့မပြနိုင် သလို ကံသတ္တိကိုလည်း လက်တွေ့မပြနိုင်ပါဘူး၊ ဉာဏ်နဲ့ကြည့်မှသာ မြင်ရပါတယ်။
✿ လမ်းမှန်သော ဝီရိယ
လုံ့လဝီရိယဟူသည် သတိ အထိန်းတပ်ဆင်မှ လမ်းမှန် ရောက်၍ စွမ်းအားအမှန်ကို ဖော်ထုတ်ပေးနိုင်လေသည်။
အသိ-သတိ အထိန်းမပါသော လုံ့လဝီရိယသည် သမာဓိဉာဏ်ကို မဖြစ်စေဘဲ ဥဒ္ဓစ္စကိုသာ ဖြစ်စေတတ်သည်။ တည်ငြိမ် အေးချမ်းမှုကို မဖြစ်စေဘဲ ပျံ့လွင့်ပင်ပန်းမှုကိုသာ ဖြစ်စေတတ်သည်။
🖋️ ယောဆရာတော်ဘုရားကြီး
📖 ဘဝလမ်းညွှန် လက်ဆောင်မွန် (ပထမတွဲ)
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image