2 ပတ် - ဘာသာပြန်ပါ။

ခုတလောမှာတော့ Taylor Swift ရဲ့ စေ့စပ်သတင်းက ကျွန်မတို့ရဲ့ Newsfeed မှာ အပြည့်ပါပဲ။ ဘာလို့လဲဆိုတော့ Taylor Swift ဟာ ကျွန်မတို့အတွက် အဝေးကနေကြည့်နေရတဲ့ Pop Star တစ်ယောက်သက်သက် မဟုတ်ခဲ့လို့ပါ။ သူမဟာ ကျွန်မတို့နဲ့အတူတူ ကြီးပြင်းလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်လိုပါပဲ။
ကျွန်မတို့ အခန်းထဲမှာ တစ်ယောက်တည်း ငိုနေခဲ့ချိန်၊ စာပြန်မလာတဲ့ ချစ်သူကြောင့် စိတ်ပူနေခဲ့ချိန်၊ ဒါမှမဟုတ် ကိုယ့်ကို ဘယ်သူကမှ ရွေးချယ်မှာမဟုတ်ဘူးလို့ တွေးနေခဲ့ချိန်တွေမှာ သူမရဲ့သီချင်းတွေဟာ ကျွန်မတို့အတွက် အဖော်လုပ်ပေးခဲ့တယ်။ ကျွန်မတို့ မပြောရဲတဲ့ ခံစားချက်တွေကိုတောင် သူက သူ့သီချင်းတွေထဲမှာ ထည့်ရေးပေးခဲ့တယ်။
ဒါပေမဲ့ သူမက ကျွန်မတို့ကို နှစ်သိမ့်ပေးနေချိန်မှာ ကျွန်မတို့ကလည်း သူမရဲ့အချစ်ရေး ရှုံးနိမ့်မှုတွေကို မြင်တွေ့နေခဲ့ရတယ်။ Joe Jonas နဲ့ ဖုန်းနဲ့ပဲ လမ်းခွဲခဲ့ရတာ၊ Harry Styles နဲ့ မြန်မြန်စပြီး မြန်မြန်ပြတ်ခဲ့ရတာ၊ Calvin Harris နဲ့ လူအများရှေ့မှာ ပြိုလဲခဲ့ရတာတွေကို မြင်ခဲ့ရတယ်။ Joe Alwyn နဲ့ဆို ခြောက်နှစ်ကြာပြီးမှ လမ်းခွဲခဲ့ကြရတယ်။ ကမ္ဘာတစ်ခုလုံးက သူ့အချစ်ရေးကို လှောင်ပြောင်နေချိန်မှာတောင် သူမဟာ အကြိမ်ကြိမ် ချစ်ရဲခဲ့တယ်။
ဒီလိုအရှုံးတွေ မြင်ရတော့ ကျွန်မတို့တွေက သူမအမြဲဆိုနေတဲ့ နတ်သမီးပုံပြင်လို အချစ်မျိုးကို လက်လျှော့လိုက်ပြီလားလို့ တွေးမိခဲ့တယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကြားကနေတောင် သူမဟာ အချစ်အကြောင်းကို ဆက်ရေးခဲ့တယ်။ အမြဲတည်မြဲနေမယ့် အချစ်အကြောင်း၊ သူ့ကို တန်ဖိုးထားမယ့်သူအကြောင်း စိတ်ကူးယဉ်ခဲ့တယ်။ ကျွန်မတို့ သန်းနဲ့ချီတဲ့လူတွေဟာလည်း ဒီခံစားချက်တွေနဲ့ ရင်းနှီးပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက ကျွန်မတို့တကယ်တမ်း လိုချင်နေတဲ့အရာတွေ ဖြစ်နေလို့လေ။
ဒါကြောင့် ဒီစေ့စပ်သတင်းက ကျွန်မတို့ ရင်ထဲကို ဒီလောက်ထိ လှုပ်ခတ်စေခဲ့တာပါ။ ပြီးတော့ Travis Kelce ဟာ အရင်ချစ်သူတွေနဲ့မတူဘဲ Taylor Swift ကို အပြည့်အဝလက်ခံပေးပြီး ဂုဏ်ယူနေလို့ပါပဲ။ သူက သူမကို ပါရမီရှင်လို့ ခေါ်တယ်။ သူမရဲ့ကြိုးစားမှုကို ချီးကျူးတယ်။ အရင်လို ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်မထားဘဲ ပွင့်ပွင့်လင်းလင်းချစ်ပြနိုင်တာကို မြင်ရတဲ့အခါ ကျွန်မတို့အားလုံးဟာ သူမ တကယ်အချစ်ခံနေရတာကို သိလိုက်ရတယ်။
Taylor Swift ဟာ ကျွန်မတို့ရဲ့ အသည်းကွဲနေတဲ့နှလုံးသားတွေထဲကို အချစ်အပေါ် မျှော်လင့်ချက်တွေ ပြန်ပေးခဲ့ပါတယ်။ သူမရဲ့စေ့စပ်မှုဟာ ရင်ကွဲနာတွေ၊ လှောင်ပြောင်ခံရမှုတွေနဲ့ သံသယတွေအပြီးမှာတောင် အချစ်က အနိုင်ရနိုင်တယ်ဆိုတာကို သတိပေးလိုက်တာပါ။
စာချစ်သူတို့အတွက်လည်း Right Time မှာ Right Person လေးရောက်လာမှာမို့ တေတေ့လိုပဲ အချစ်ကို စိတ်မကုန်စတမ်း စောင့်မျှော်လိုက်ရအောင်နော် 😜

image