8 ပတ် - ဘာသာပြန်ပါ။

မုန်ညှင်းဝက်သားဖက်ထုပ်
ဝက်သား 1kg အဓိကလိုအပ်ပါသည်၊၊
မုန်လာဥနီ, (ခြှစ်ထားသော)
ကြက်သွန်နီ 1လုံး
ကြက်သွန်ဖြူ 2မွှာ
ဟင်းခတ်မှုန့် 3ဇွန်း(ts)
ကမာဆီ စားပွဲတင်ဇွန်း 2ဇွန်း(ts)
ပဲငံပြာရည် 2ဇွန်း(ts)
ငါးငံပြာရည် 2ဇွန်း(ts)
သကြားအညို စားပွဲတင်ဇွန်း 1/2ဇွန်း
ငရုတ်ကောင်း အနည်းငယ်
ဆီအနည်းငယ်
ပြုတ်ထားသောမုန်ညှင်းရွက်
1. ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ဆီသတ်ပါ။
2. ဝက်သားကိုထည့်ကာ အညိုရောင်သန်းလာသည်အထိ ချက်ပါ။
3. ငါးငံပြာရည်၊ ပဲငံပြာရည်၊ ကမာဆီ၊ ငရုတ်ကောင်းမှုန့် နှင့် သကြားတို့ထည့်ပီး ရောမွှေ ပါ။
4. ခြှစ်ထားသော မုန်လာဥနီကို ထည့်ပြီး မိနစ်အနည်းငယ်ကြာ မွှေပေးပါ။
5. နောက်ဆုံးမှ ကြက်သွန်နီကိုထည့်မွှေပါ။
6. ပြီးလျှင်ကြော်ထားသောဝက်သားများကို မုန်ညှင်းရွက်ထဲထည့်ပီး ပုံတွင်ပြထားသည့်အတိုင်းလိပ်ပါ
7. မကပ်အိုးကို ဆီအနည်းငယ်သုတ်အပူပေးပြီး လိပ်ထားသော မုန်ညှင်းလိပ်ကိုတင်ပီးအပူပေးပါ ပုံမှာပြထားသည့်အနေထားဆို ရပါပီရှင်။
ကြက်သွန်ဖြူဆော့စ် ပြုလုပ်နည်း
1.ဆီအနည်းငယ်
2.နုပ်နုပ်စဥ်းထားသောဂျင်း 1ts
3.ကြက်သွန်ဖြူ 3မွှာ (နုပ်နုပ်စဉ်းထားပါ)
4.ပဲငံပြာရည် 4tbs
5.ကမာဆီ 2ts
6.ငါးငံပြာရည် 1tbs
7.သကြား 2ts
8.ရေ 237ml
9.ပြောင်းဖူးမှုန့် 1ts(ရေ 2tsထည့်ပြီးမွှေထားပါ)
10.ငရုတ်ကောင်းမှုန့်အနည်းငယ်
ပြုလုပ်နည်း
1. ဒယ်အိုးထဲတွင် ဆီအပူပေးပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ကို မွှေးလာသည်အထိ မွှေပါ။
2. ပဲငံပြာရည်၊ ကမာဆီ နှင့် ငါးငံပြာရည်တို့ကို ထည့်ပါ။ ရောမွှေပါ။
3. ရေထည့်ပီး 1-2မိနစ်ပြုတ်ပါ။
4. သကြားထည့်ပါ။
5. ရေဖျော်ထားသော ပြောင်းမှုန့်ထည့်ပါ။ ပျစ်လာသည်အထိ မွှေပေးပါ။
6. ငရုတ်ကောင်းမှုန့်ထည့်ပါ။

image