8 ပတ် - ဘာသာပြန်ပါ။

မရောနိစ်လုပ်နည်း (၄) နည်း
---------------------
မရောနစ်လုပ်နည်းလေးကိုသင်တန်းတက်စဉ်ကာလနဲ့ဟိုတယ်မှာအလုပ်ဝင်ခဲ့တုန်းကသာလုပ်ဖြစ်ခဲ့တာမို့မေးလာတဲ့မိတ်ဆွေများကိုပြောပြဖို့ကျကိုယ်တိုင်ပြန်လုပ်ပြီးမှပြောပြနိုင်မှာမို့အချိန်တွေကြာနေခဲ့တာပါ။မြို့ကြီးပြကြီးတွေမှာတော့အလွယ်တကူဝယ်ယူရရှိနိုင်ပေမဲ့နယ်မြို့ကသူတွေအတွက်တော့အနည်းငယ်အခက်အခဲရှိကြမယ်ထင်ပါတယ်။မရောနစ်ကိုအတော်များများနေရာမှာအသုံးဝင်တာမို့မိမိကိုယ်တိုင်စမ်းသပ်ပြုလုပ်လိုတဲ့အိမ်ရှင်မများအသေးစားလုပ်ငန်းသုံးများအတွက်အသုံးတည့်စေမဲ့နည်းဘဲဖြစ်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့အချိန်အနည်းငယ်အတွင်းပြုလုပ်နိုင်ပြီးတခါပြုလုပ်ပြီးရေခဲသေတ္တာတွင်တပတ်ခန့်ထားပြီးအသုံးပြုနိုင်ပါတယ်။လုပ်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ကြက်ဥအနှစ် - တစ်လုံး
သံပုရာရည် - တစ်ဇွန်းခွဲ လ္ဘက်ဇွန်း
ရှာလကာရည် - တစ်ဇွန်း
ဆား - ဇွန်း တဝက်
ဆီ - ၂၀၀ ml
(Salad Oil, Olive Oil)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာပထမဇလုံတခုနှင့်မွေတံကိုသန့်ရှင်းခြောက်သွေ့အောင်ပြုလုပ်ထားပါ။
2.ကြက်ဥကိုအကာအနှစ်ခွဲထုတ်ပြီးအနှစ်ကိုဇလုံတွင်ထည့်ပါ။
3.သံပုရာရည်ရှာလကာရည်နှင့်ဆားကိုထည့်ပြီးစက္ကန့်၃၀ခန့်သမအောင်မွေပေးပါ။
4.ပြီးလျှင်ဆီကိုတဖက်မှဖြေးညင်းစွာထည့်ပြီးတဖက်မှအဆက်မပျက်မွေပေးပါ။လက်တဖက်တည်းမနိုင်ပါကနည်းနည်းထည့်မွေထပ်ထည့်ထပ်မွေပြုလုပ်ပါ။နှစ်ယောက်လည်းပြုလုပ်နိုင်ပါတယ်။
5.တဖြည်းဖြည်းပျစ်လာပါကဆက်ပြီးမွေပေးပါအရောင်ဖြူလာသည်ထိ၈မိနစ်ခန့့်မွေပေးပြီးသန့်ရှင်းခြောက်သွေ့သောဘူးပုလင်းတို့တွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းဆည်းကာဘာဂါဆန်းဒွစ်အသုပ်များတွင်လိုသလိုအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
❀မုန်ညင်းစေ့အနှစ်ထည့်လိုပါကဆီထည့်မမွေခင်လ္ဘက်ဇွန်းတဝက်ထည့်ပေးနိုင်ပါတယ်။မရှိလျှင်မထည့်လည်းရပါတယ်။
❀ကြက်ဥအနှစ်တလုံးစာပြုလုပ်လျှင်မရောနစ်၂၃၀ဂရမ်ရရှိပါတယ်။(ပုံပါအတိုင်း)
❀သံပုရာရည်ဗီနီကာမရောဘဲနှစ်သက်ရာတမျိုးတည်းအသုံးပြုနိုင်ပါတယ်။
❀ဆီကိုsoy bean oil ,Sunflower oil,Olive Oil ,Canola Oil တို့ကိုသုံးနိုင်ပါတယ်။
❀မွေနေစဉ်တွင်အတတ်နိုင်ဆုံးတဖက်တည်းသာမွေပါ။အမွေမလွန်အောင်လ ည်းဂရုပြုပါ။လိုအပ်တဲ့အနေရောက်ပါက ဆက်မမွေရပါ။ဆီပြန်ကွဲသွားတတ်ပါတ ယ်။
#credit Sofia

image