2 ပတ် - ဘာသာပြန်ပါ။

မယ်ဇလီဖူး သုပ်နည်း”
(ပထမ နည်း)
မယ်ဇလီဖူးကို မကျည်းသီး နည်းနည်းလေးထည့်ပြီး ပြုတ်ပေးပါ ။
ရေဆူလာပြီဆိုရင် ဆယ်လိုက်ပြီး နောက်ထပ် ရေအသစ်ထည့် ပြုတ် ၂ ခေါက်လောက် လုပ်ပေးပါ။
ကျက်ပြီဆိုရင် ပြန်ဆယ် ရေညှစ်ပြီး ဆုံမှာ ထည့်ထောင်းပေးပါ ။
ကြက်သွန်နီ ပါးပါးလှီးပြီး ဆနွင်းမှုန့် နည်းနည်းနဲ့ ဆီချက်ထားပါ ။
ကြက်သွန်ဖြူ ပါးပါးလှီးထားပါ ။
ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ ။
မြေပဲလှော်၊ နှမ်းလှော် ထောင်းထားပါ ။
သုပ်မယ့် ပန်းကန်ပြားထဲမှာ ထောင်းထားတဲ့ မယ်ဇလီဖူး ၊ ခရမ်းချဉ်သီး ၊ ဆီကျက် ၊ မြေပဲ နှမ်းထောင်း လေးနဲ့ ပုစွန်ခြောက်မှုန့်ကို ထည့်ပြီး ငံပြာရည်နည်းနည်း အရသာမှုန့်နည်းနည်းထည့် ရောနယ်ပေးပါ ။
နည်းနည်းစပ်စပ်လေး စားချင်ရင်တော့ ငရုတ်သီးစိမ်းလေးကို ပါးပါးလေး လှီးထည့်ပေးလိုက်ပါ ။
တချို့က ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းကို မထည့်တတ်ပါဘူး
ဟုတ်ကဲ့ ဆေးပေါင်းခမယ့် ညအတွက် ဆေးဖက်ဝင်စေမယ့် ခါးဆိမ့်ဆိမ့် အရသာရှိတဲ့ မယ်ဇလီဖူးသုပ်လေးကို ရပါပြီ ။
” မယ်ဇလီဖူးသုပ်နည်း
(ဒုတိယနည်း)
မယ်ဇလီဖူး – ၁၅ကျပ်သားခန့်
ကြက်သွန်နီ တစ်လုံး ကိုပါးပါးလှီးပြီး ရေစိမ် ထားပါ။
ဆား၊ အရသာမှုန်.- ငံပြာရည်- အနဲငယ်စီ၊
ကြက်သွန်ဖြူ၊နီဆီချက်- ထမင်းစားဇွန်း ၂ ဇွန်း၊
ပုဇွန်ခြောက်ထောင်း – ထမင်းစားဇွန်း ၁ ဇွန်း၊
မြေပဲလှော်ထောင်း ထမင်းစားဇွန်း ၂ ဇွန်း၊
နှမ်းလှော်.. ထမင်းစားဇွန်း ၁ ဇွန်း၊
သံပုရာသီးတခြမ်း။
မန်းကျဉ်းမှည့် – ထမင်းစားဇွန်း ၁ ဇွန်း၊
မယ်ဇလီဖူးကို ရေဆေးပြီး ရိုးတံ နှင့် အရင့်တွေ ဖယ်ပြီး ပြုတ်ပါ ။
၁၀ မိနစ် လောက်ပြုတ်ပြီး ၊ ရေသွန်ပြီး ရေသစ်လဲ၍ မကျည်းမှည့်ထည့် ၁၀ မိနစ် ထပ်ပြုတ်ပြီး ရေစစ်ကာ မညှက် တညှက် ထောင်း ပြီး ပါးပါး လှီး ထားသော ကြက်သွန်နီ၊ ဆား၊ အရသာ မှုန့် ငံပြာရည်၊ ကြက်သွန် ဖြူ၊ နီ ဆီချက်၊ ပုဇွန်ခြောက်ထောင်း မြေပဲလှော်ထောင်း၊ နှမ်းလှော်တို့ကို ထည့်ကာ သံပုရာရည် ညှစ်ထည့်ပြီး သမအောင်နယ်ကာ သုံးဆောင်လို့ရပါပြီ။
Credit to original
Photo credit

image