2 ပတ် - ဘာသာပြန်ပါ။

ရွှေဆိုင်းပေါင်း(၇,၀၀၀)ကျော်ဖြင့် ရွှေသင်္ကန်းကပ်လှုမည့် မုံရွာမြို့ဆုတောင်းပြည့်စေတီတော်တွင် ငြမ်းစဆင်
(၄)လကြာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမည့် မုံရွာမြို့၊ဆုတောင်းပြည်စေတီတော်တွင် သြဂုတ်လ(၂၆)ရက်ကစတင်၍ ဝါးငြမ်းများ စဆင်နေပြီဖြစ်သည်။
ဆုတောင်းပြည့်စေတီတော်ကို ၂၀၁၆ ခုနှစ်က လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ယခု (၉)နှစ်အကြာတွင် စေတီရွှေရောင်များ မှေးမှိန်လာသည့်အတွက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုရားဂေါပကအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဘုရားကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှုဖို့ သြဂုတ်လ (၂၆)ရက်က စတင်ငြမ်းဆင်နေပါပြီ။ ရွှေသင်္ကန်းကပ်လှုဖို့ ပထမအကြိမ်ကကျပ်သိန်း (၄,၀၀၀)လောက်၊ ဒုတိယအကြိမ်ကကျပ်သိန်း (၈,၅၀၀) ကျော် အလှူခံရရှိထားပါတယ်။ အားလုံးပေါင်းကုန်ကျငွေက ခန့်မှန်းကျပ်သိန်း(၂၃,၀၀၀) လောက်ကုန်ကျပါမယ်။ ရွှေဆိုင်းပေါင်း (၇၀၀၀) လောက်ကပ်လှူရပါမယ်။ လုံးတော်ပြည့် ရွှေသင်္ကန်းကို၂၀၂၅ ခု ဒီဇင်ဘာလထဲပြီးအောင် စီမံချက်ရေးဆွဲ ဆောင်ရွက်နေပါတယ်" ဟု ဆု တောင်းပြည့်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဌေး က ပြောသည်။
လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ ပူဇော်နိုင်ရန် သြဝါဒါစရိ ယဆရာတော်ကြီးများ၊ နာယကအဖွဲ့၊ ရွှေသင်္ကန်းကပ်လှုရေးဦးစီးကော်မတီ၊ ငြမ်းဆင်လုပ်ငန်းကော်မတီ၊ ရွှေမိုက်ထုတ်ယူခြင်းလုပ်ငန်းကော်မတီ၊ ရွှေချလုပ်ငန်းကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် လုံခြုံရေးကော်မတီနှင့် ပြန်ကြားရေးအဖွဲ့စသည့် ကော်မတီ(၈)ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

imageimage