ဘဲငန်းလွှတ်ထားတဲ့ ချင်းမိုင်ကျုံးထဲက အဝတ်ဗလာနဲ့ လူ
ဧရာဝတီ၊ ဩဂုတ်၂၇၊ ၂၀၂၅
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်ကျုံးအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဘဲငန်းများလွှတ်ထားသဖြင့် လူအများစိတ်ဝင်တစား ကြည့်ရှုနေကြချိန် ယနေ့နံနက်တွင် လူတဦး အဝတ်မပါဘဲ ကျုံးအတွင်း မသင့်လျော်သောအပြုအမူ ပြုလုပ်နေသည်ကို လမ်းသွားလမ်းလာများက ဓာတ်ပုံရိုက်ယူကာ လူမှုကွန်ရက်၌ မျှဝေခဲ့သည်။
အဆိုပါ ပုဂ္ဂိုလ်သည် ယခင်ကလည်း ထိုကဲ့သို့ အပြုအမူများ အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့ဖူးကြောင်း ဆိုထားသည်။
ချင်းမိုင်ကျုံးအတွင်း ရေညှိရေမှော်များ ပပျောက်သန့်ရှင်းရေး စီမံချက်အနေဖြင့် ဘဲငန်း ၁၀ ကောင်ကို ဩဂုတ် ၂၁ ရက်မှစတင်၍ လွှတ်ထားပေးခြင်းဖြစ်ကာ ထိုဘဲငန်းများအား နေ့စဉ်လာရောက်ကြည့်ရှုသူများ၍ ဘဲငန်းကြည့်ရန် ထိုင်ခုံများပါ ကျုံးနံဘေး၌ စီစဉ်ပေးထားကြောင်း သိရသည်။
