2 w - Translate

အယ်လီယိုဟာ မိဘနှစ်ပါး သေဆုံးသွားလို့ အဒေါ် ဖြစ်သူနဲ့အတူ နေထိုင်ရတဲ့ ဂျစ်ကန်ကန် ကလေးဆိုးလေးတစ်ယောက်ပါ။
တစ်ယောက်တည်း အိမ်မှာထားခဲ့လို့ မဖြစ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ရဲ့အဒေါ်ဟာ အယ်လီယို့ကို သူအလုပ်လုပ်တဲ့ အာကာသပတ်လမ်းစိစစ်ရေးဌာနကို အမြဲခေါ်သွားပါတယ်။ဒီလိုနဲ့ အယ်လီယိုဟာ အာကာသဆိုင်ရာတွေကို စွဲလမ်းလာခဲ့တယ်။ အထူးသဖြင့် အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိလားဆိုတဲ့အချက်ပေါ့။တစ်နေ့တော့ ဌာနမှာ အာကာသထဲကနေ အချက်ပြမှုတစ်ခု ရလာခဲ့တယ်လို့ ဝန်ထမ်းတစ်ယောက်က ဆိုလာတယ်။ဒါပေမဲ့လည်း ဂြိုဟ်သားရူးတစ်ယောက်ရဲ့ မဲပြာပုဆိုးတွေကို ဘယ်သူမှ မယုံကြတော့ဘူး။ဒါကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ အယ်လီယိုက မြင်သွားပြီး ဘယ်သူမှ မရှိတဲ့အချိန်မှာ တစ်ဖက်ကို အကြောင်းပြန်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။တကယ်ပဲ အာကာသထဲကနေ ဂြိုဟ်သားတွေက ဆက်သွယ်နေတာလားဆိုတာ စူးစမ်းလိုက်ကြပါဦး။

image