#ဒိန်ချဉ်ကိုယ်တိုင်ပြုလုပ်နည်း
ဒိန်ချဉ်သောက်သုံးခြင်းက ကျန်းမာရေးအတွက် အထူးသင့်တော်ကြောင်းကို အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ မိမိကိုယ်တိုင် ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ ကိုယ်တိုင်ပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ- နွားနို့ (၁) လီတာ- မြေအိုး ပြုလုပ်နည်း (အဆင့် - ၁)မြေအိုးသန့်သန့်တစ်လုံးကို ရေပြောင်အောင်ဆေး၍ အခြောက်ခံပါ။ အိုးထဲသို့ ကျိုထားပြီးသားနွားနို့ ထမင်းစားဇွန်း (၂-၃) ဇွန်းခန့်ထည့်ပြီး အဖုံးအုပ်ကာ နေရောင်အောက်တွင် နေ့တပိုင်းခန့်ထားပေးပါ။အိုးတွင်းမှ နို့များ ခဲလာပြီး ဒိန်ချဉ်နံ့ထွက်လာပါက ဒိန်ချဉ်ပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ (ဆိုင်ကဝယ်လာတဲ့ ဒိန်ချဉ်ကိုလည်းအသုံးပြုနိုင်ပါသည်)
ပြုလုပ်နည်း (အဆင့် - ၂)ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်တွင်ထည့်၍ ၁၀ မိနစ်ခန့် ဆူပွက်အောင် ကျိုပေးပါ။ဆူပွက်နေသောနို့ကို အနွေးဓါတ်ရှိရုံအနေအထားထိ အအေးခံထားပါ။
အအေးခံပြီးပါက အဆင့် (၁) တွင် ပြုလုပ်ထားသော ဒိန်ချဉ် (၂-၃) ဇွန်းကို မြေအိုးထဲသို့ထည့်ပါ။ အခဲများကြေအောင် ခြေပေးပါ။ပြီးနောက် အိုးထဲသို့ အအေးခံထားသော နွားနို့လောင်းထည့်ပါ။ အနည်းငယ် သမအောင်မွေပေးပြီးပါက အဖုံးကို ပိတ်စပါးပါးဖြင့် ပိတ်ထားပေးပါ။
**သတိပြုရန်မှာ အိုးကို နေရာရွှေ့ခြင်း၊ လှုပ်ခြင်း ပြုလုပ်မိပါက နို့ကွဲတတ်သဖြင့် မပြုလုပ်မိရန်ဖြစ်သည်။ပုံမှန်ပူနွေးသော အခန်းတွင် ၆ နာရီခန့်ထားပါက ဒိန်ချဉ်ကို စတင်စားသုံးနိုင်ပြီဖြစ်ပါသည်။ ပြုလုပ်ထားသော ဒိန်ချဉ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းထားနိုင်ပါသည်။
