2 ပတ် - ဘာသာပြန်ပါ။

ထိုင်းမှာ တကယ်လှတဲ့ အကြည်ဓာတ်နေရာလေး ☁️🐑 မိုးအုံ့အုံ့လေးနဲ့ဆို ပိုမိုက် 😍✨🤘🏻
မြန်မာတော်တော်များများ သွားလည်ကြတဲ့ အလွယ်တကူပဲ သွားလို့ရတဲ့ ချင်းရိုင်က Akha Farmville ဖြစ်ပါတယ် 🎠😍
🎠 မိုးရာသီ Akha FarmVille မှာ ပျော်စရာတွေ တစ်ပုံကြီးနဲ့ ကြိုနေတယ်နော် 🐑
ဒီနေရာက သိုးလေး‌တွေအပြင် ချစ်စရာကောင်းတဲ့ တောင်ကမ်းပါးအစွန်းက Carousel ချားကြီးကလည်း ဆွဲဆောင်လို့ နေပါတယ်နော် 😱😱
ပြီးတော့လေ အသစ်စက်စက်ပေါက်ထားတဲ့ သိုးပေါက်လေးတွေကို ကိုယ်တိုင် နို့ဘူးတိုက်တဲ့ အစီအစဉ်အသစ်လေးလည်း ထပ်တိုးထားပါတယ်တဲ့ 🍼🐑
📍 လာရောက်လည်ပတ်ဖို့ လိပ်စာ -
https://maps.app.goo.gl/7zYmNdJJvV63x4bw9
⏰ ဖွင့်လှစ်ချိန် -
တနင်္လာ - ကြာသပတေး ✅
မနက် ၇:၃၀ မှ ညနေ ၅:၃၀ ထိ
သောကြာ - တနင်္ဂနွေ ✅
မနက် ၇:၃၀ မှ ညနေ ၆:၀၀ ထိ
💸 ဝင်ကြေး -
တစ်ယောက်ကို ၁၀၀ ဘတ် (ဝင်ကြေးကတ်နဲ့ သတ်မှတ်ထားတဲ့ ဖျော်ရည်တစ်မျိုး လဲလှယ်နိုင်သလို၊ တခြားအအေးတွေအတွက်လည်း လျှော့စျေးအဖြစ် အသုံးပြုနိုင်ပါတယ်) ✅
အရပ် ၁၁၀ စင်တီမီတာအောက် ကလေးငယ်များ ဝင်ကြေးအခမဲ့ ဖြစ်ပါတယ် 🫶🏻
🥕 သိုးလေးတွေအတွက် အစာတစ်ဗန်းကို ၃၀ ဘတ် ပါ။
☕ ကော်ဖီဆိုင်ဖြစ်လို့ မုန့်တွေ အအေးတွေ မှာစားရင်း အနားယူနိုင်ပါတယ်။ တော်တော်များများကတော့ ချင်းရိုင်ခရီးစဉ်မှာ အနားယူတဲ့ Rest Point အဖြစ် Akha Farmville ကို ထည့်သွင်းစီစဉ်ကြပါတယ်ရှင့် 😘
Photo crd
#crd
#akhafarmville #doichang

image