ဘားအံ´မှာ တက်ရအလွယ်ဆုံးတောင်တစ်ခုပါ⛰️
ဘားအံမြို့ထဲမှာလည်း ဖြစ်ရမယ်၊ တောင်လည်း တက်ချင်တယ်၊ တောင်အရမ်းမြင့်တာမျိုးလည်း မဖြစ်ရဘူး ဆိုရင်⛰️
`ကြာအင်းတောင်´
ကိုတက်ကြည့်နော်☘️
တောင်ထိပ်ကနေ ဇွဲကပင်တောင်ကြီးကို နီးနီးကပ်ကပ်မြင်ရပြီး viewအရမ်းလှပါတယ်🍀
တောင်ထိပ်နားအထိ ကွန်ကရစ်ကားလမ်းဖောက်ထားလို့ ကားနဲ့ပဲတက်တက်၊ လမ်းပဲလျှောက်တက်တက် အဆင်ပြေပါတယ်။
ကားလမ်းအဆုံးမှာတော့ လှေခါးထစ် 413ထစ်ကို တက်ရပါမယ်🍀
အိမ်ကနေ ခေါက်လို့ရတဲ့ ဖျာလေးတစ်ချပ်နဲ့ ရေနွေးဓာတ်ဗူးလေးနဲ့ မိုကိုးနားလိုမျိုး ဘလက်ကော်ဖီပူပူလေး ဖျော်သွားပါ။ တောင်ပေါ်ကို ရောက်တဲ့အခါ အရိပ်ရတဲ့သစ်ပင်တစ်ပင်ပင်အောက်မှာ ဖျာလေးခင်းပြီး ကော်ဖီပူပူသောက်ရင်း လတ်ဆတ်တဲ့ လေညှင်းကို တဝကြီး ရှူရှိုက်လိုက်ပါ။ မနက်ဖြန်ဆိုတာတွေကို အချိန်တခနလောက် မေ့ထားလိုက်ပါ🍀
မြန်မာ့အလှ မြန်မာ့ဘ၀
Credit _ Popular Paoh Stars
Hpa An Traveller(ဓာတ်ပုံ)

imageimage
+4