အနောက်တိုင်း စတိုင်လ် ငါးအိုးကပ်ကြော်
ဒီနည်းက အနောက်တိုင်းကလူတွေ ငါးကိုကြော်စားတဲ့နည်းပါ။ ဆိုင်တွေ မှာ ဧည့်သည်လာမှ ချက်ချင်းကြော်ပေးတဲ့ဟင်းလေးပါ။ အရမ်းမြန်ပြီးလွယ်ကူပါတယ်။ ပါ၀င်တဲ့ပစ္စည်းသိပ်မများပဲ ဟင်းတခွက်ပါ။ အနောက်နိုင်ငံက လူတွေက တော့ စပါဂတီတို့ပေါင်မုန့် တို့နဲ့တွဲစားပါတယ်။
ပါ၀င်သောပစ္စည်းများ
၁။ အကွင်းလိုက် ငါးအသားတုံး- ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တ ၀က်
၄။ အကြော်မှုန့်- ထမင်းစားဇွန်း ၂ ဇွန်း
၅။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ လတ်ဆတ်သောငါးကို အသုံးပြုပါ။ ညှီနံ ကြောက်လျှင် ဂျင်းကို ညက်နေအောင်ထောင်းပြီး ငါးကို ဂျင်းအရည်နှင့် နှပ်ထားပါ။
၂။ ငါးကို သန့် စင်အောင်ဆေးပြီး ရေစစ်ထားပါ။ ရေပြောင်အောင် စက္ကူ ဖြင့်သုပ်ပေးပါ။ ထို့နောက် ငါးကို ဆား ဖြင့် ၂ ဖက်လုံး နှံ့အောင်လုပ်ပါ။ ပြီးလျှင် ငရုတ်ကောင်းကို ငါးရဲ့၂ ဖက်လုံး နှံ့အောင်ဖြူ းပါ။
၃။ မကပ်သောအိုးထဲတွင် ဆီ ထမင်းစားဇွန်း ၂ ဇွန်းကို ထည့်ရ်ျ အပူပေးပါ။
၄။ အကြော်မှုန့်ကို ပန်းကန်ပြားတခု ပေါ်တွင် ထည့်ပါ။ ထို့နောက် ငါးကို အကြော်မှ ုန့်ဖြင့် ၁ ဖက်အရင် ကပ်လူးပါ။ ပြီးလျှင် နောက်တဖက် အရင်ကပ်လူးပါ။
၅။ ပူနေသော ဆီအိုးထဲတွင် ထည့်ကြော်ပါ။ ပြီးလျှင် အိုးကို အဖုံးဖုံးထားပါ။ ၃ မိနစ်လောက်နေလျှင် ငါးကို အသားလေးလှန်ကြည့်ပါ။ အကြော်မှနု့များ ညို ရ်ျ ကြွပ်နေလျှင် နောက် တဖက်လှန် ရ်ျ ပြန် ပြီး အဖုံးအုပ်ထားပါ။ ၃ မိနစ်လောက်နေလျှင် အိုးပေါ်မှ ချရ်ျ သုံးဆောင်နိုင်ပါပြီ။
(ထမင်းစားဇွန်း = 1 tablespoon = 15 ml) ( လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
.
Credit - Ei San's Homemade Inspiration
.

image