မုန်တိုင်း"ကဂျိကိ"၏အကြွင်းအကျန်များ မြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်နေ၍ တစ်နိုင်ငံလုံး၌မိုးရွာမည်
တိုင်ဖွန်းမုန်တိုင်း"ကဂျိကိ"၏အကြွင်းအကျန်များသည် မြန်မာနိုင်ငံအတွင်းသို့ဖြတ်ကျော်ဝင်ရောက်နေ၍ ယနေ့ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း မြန်မာတစ်ပြည်လုံးတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။
အဆိုပါ "ကဂျိကိ"၏ အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်(အထက်ပိုင်း)နှင့် နေပြည်တော်တို့အပေါ်တွင် လေဖိအားနည်းဆဲလ်အဖြစ်အားပျော့ပြီးဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ မုန်တိုင်း"ကဂျိကိ"သည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်-ဖယောင်းခရိုင်-လန်ပန်ခရိုင်တို့ပေါ်တွင် အကြွင်းအကျန်လေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားပြီဖြစ်ကြောင်း သိရသည်။
တိုင်ဖွန်းမုန်တိုင်း"ကဂျိကိ"သည် ဗီယက်နမ်နိုင်ငံ၊ ထန်ဖိုဗင့်န်ရ်မြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ လာအိုနိုင်ငံ(အထက်ပိုင်း)ကိုဖြတ်သန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
