2 ပတ် - ဘာသာပြန်ပါ။

နာမည်ကျော်အဆိုတော် Taylor Swift နှင့် NFL ထိပ်တန်း Travis Kelce တို့ လက်ထပ်တော့မည်ဖြစ်ကြောင်း ကြေညာ
Taylor Swift နှင့် Travis Kelce တို့သည် ၎င်းတို့ တရားဝင် လက်ထပ်တော့မည်ဖြစ်ကြောင်း (၂၅-၈-၂၀၂၅) နေ့ကြေညာခဲ့ကြပါသည် ။
Taylor Swift သည် သူမ၏ လူမှုမီဒီယာပေါ်တွင် “Your English teacher and your gym teacher are getting married 🧨” ဟု caption ထည့်ကာ Engagement ဓာတ်ပုံများကို မျှဝေခဲ့သည်။
Taylor Swift ၏ လက်ပေါ်တွင် ဝတ်ဆင်ထားသည့် Engagement လက်စွပ်မှာ vintage-inspired old mine brilliant-cut diamond ပါ၀င်ပြီး Artifex Fine Jewelry မှ Kindred Lubeck က တစ်ဦးတည်းသာအတွက် special design လုပ်ပေးထားသည့်အရာဖြစ်ကြောင်း သိရပြီး jewelry experts များကလည်း ၎င်း၏တန်ဖိုးကို အနည်းဆုံး $4 million ခန့် ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
သူတို့၏ အချစ်ရေးသည် ၂၀၂၃ ခုနှစ် နွေရာသီတွင် စတင်ခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်တွင် Taylor Swift သည် Chiefs ဂိမ်းသွားကြည့်ခြင်းဖြင့် အများရှေ့သို့ တရားဝင်ပေါ်ထွက်ခဲ့သည်။
ဂီတနယ်ပယ်နှင့် အားကစားနယ်ပယ် ကွာခြားသော်လည်း တစ်ဦးနှင့်တစ်ဦး အလုပ်အကိုင်များကို အပြန်အလှန် ထောက်ပံ့ခဲ့ကြပြီး “culture-shifting couple” အဖြစ် ပရိသတ်များမှ သတ်မှတ်ခံခဲ့ရသည်။
Grammy ဆုများစွာရရှိထားသည့် Swift သည် ကမ္ဘာ့ဂီတနယ်ပယ်ထဲက ထင်ရှားသည့်အဆိုတော်တစ်ဦး ဖြစ်ပြီး Kelce သည် Kansas City Chiefs အသင်းအတွက် Super Bowl ချန်ပီယံအဖြစ် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။
ပျော်ရွှင်ဖွယ် အနာဂတ်အသစ်ကို စတင်မည့် Taylor Swift နှင့် Travis Kelce တို့ကို ကမ္ဘာတစ်ဝှမ်း ပရိသတ်များက အပြည့်အဝ ဂုဏ်ပြုအားပေးကြပါသည်။
#taylorswift #traviskelce #engagement #updatenews

image