2 w - Translate

CONSIAM က ထိုင်းရဲ့ အကြီးမားဆုံး ကော်ဖီပွဲတော်ကို ကျောက်ဖရားမြစ်တစ်လျှောက်မှာ ကျင်းပမည်
ကျောက်ဖရားမြစ်ကမ်းဘေးက ကမ္ဘာ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ ICONSIAM က ထိုင်းရဲ့ အကြီးမားဆုံး ကော်ဖီပွဲတော် ဖြစ်တဲ့ Iconic Craft Coffee Expo 2025 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။
အဲဒီပွဲတော်ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၇ ရက်နေ့အထိ ICONSIAM ရဲ့ River Park မှာ အဓိကထားကျင်းပမှာဖြစ်ပြီး ICS ၊ M Floor ၊ Event Space နဲ့ ICONCRAFT ၊ ၄ လွှာအထိ တိုးချဲ့ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ထိုင်းနိုင်ငံရဲ့ ကော်ဖီလုပ်ငန်းကို ကမ္ဘာ့ဇာတ်ခုံပေါ် မြှင့်တင်ပေးဖို့အတွက် စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းတွေ ပေါင်းဆုံတဲ့ မဟာဗျူဟာကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
“Sip of SIAM – ထိုင်းနဲ့ ကမ္ဘာ့ကော်ဖီရဲ့ စိတ်ကူးစိတ်သန်းတွေဆီသို့ ခရီးတစ်ခေါက်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ICONSIAM က ထိပ်တန်းကော်ဖီအမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်နဲ့ အထူးဖန်တီးထားတဲ့ ကော်ဖီအမျိုးအစားပေါင်း ၁,၀၀၀ ကျော်ကို တစ်နေရာတည်းမှာ စုစည်းတင်ဆက်သွားမှာ ဖြစ်ပါတယ်။
လာရောက်လည်ပတ်သူတွေအနေနဲ့ ကမ္ဘာတစ်ဝန်းက ရှားပါးကော်ဖီစေ့တွေရဲ့ အရသာကို မြည်းစမ်းနိုင်မှာဖြစ်သလို ထိုင်းနဲ့ နိုင်ငံတကာက ထိပ်တန်း barista တွေဆီကနေ ပညာတွေသင်ယူနိုင်ပြီး ထိုင်းနိုင်ငံရဲ့ ကော်ဖီယဉ်ကျေးမှုထဲမှာ နစ်မြောခံစားနိုင်မှာ ဖြစ်ပါတယ်။
Ref : Thethaiger
#crd #iconsiam #ထိုင်းရဲ့အကြီးမားဆုံးကော်ဖီပွဲတော်

image
image
image
image