ဘားအံ´ကိုလာလည်တဲ့အခါ
သဘာဝအလှတရားနဲ့အနီးဆုံးထိတွေ့နိုင်မည့်နေရာလေးတစ်ခုမှာအနားယူပါ🍀
🌳တောအုပ်လေးထဲရောက်သွားသလိုခံစားရမယ့် `ဘားအံ´ရဲ့သီးခြားနေရာက ဒီဟိုတယ်လေး🍀
🏡ဇွဲကပင်တောင်ခြေ ရာဘာခင်းတွေကြားထဲမှာ သစ်သားနဲ့ဆောက်ထားတဲ့ဆင်တူဘန်ဂလိုလေးတွေ... ဘန်ဂလိုတွေကိုကပ်ရပ်ဆောက်ထားတာမျိုးမဟုတ်ပဲ တစ်လုံးချင်းသီးသန့်ဖြစ်တဲ့အတွက် privacyအပြည့်ရပါတယ်
🏠Hotelဝန်းထဲ ဝင်လိုက်တာနဲ့ ရာဘာခင်းတွေမြင်ရတာ မျက်စိအေးပီး စိတ်ကိုချမ်းသာနေရော
⛰️ဇွဲကပင်တောင်ခြေအောက်မှာ
ရေကူးကန်ကလည်းတောင်တွေရဲ့ကြားထဲမှာဆိုတော့ ဘားအံရောက်ရင် relaxလုပ်ကိုလုပ်သင့်တဲ့နေရာလေးပါ
🏊♂️ရေကူးရတဲ့ feeling ရယ်၊မိုးရာသီမှာ ဇွဲကပင်တောင်ကြီးရဲ့ကြားမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့ မြူတွေကို ကြည့်ရတာ တကယ့်ကိုပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရတဲ့အတိုင်းပဲ အရမ်းလှတယ်တောင်တန်းကြီးပါ
🍀အေးချမ်းတဲ့ တောအုပ်လေးထဲမှာ သစ်ပင်တွေရဲ့ ရနံ့ရယ် သစ်ရွက်လေးတွေကို ဖြတ်ပြီး ဖြာကျလာတဲ့ နေရောင်ခြည်ရယ် သန့်ရှင်းလတ်ဆတ်တဲ့ လေညှင်းလေးရယ် စတဲ့ သဘာဝရဲ့ ဖြစ်တည်မှုတွေက သင့်ရဲ့ စိတ်ဖိစီးမှုနဲ့ ပူပန်မှူတွေကို သက်သာစေမှာအမှန်ပါ☺️
💦မိုးရာသီမှာ လှချင်တိုင်းလှနေတဲ့ ဘားအံမြို့ဟာ တမူထူးခြားတဲ့တောင်တန်းတွေ၊ ရှုခင်းတွေနဲ့ အံ့ဩဖွယ်ရာ ဂူများစွာအပြင် ဘားအံရဲ့ အမြင့်ဆုံးတောင် တနည်းအားဖြင့် ဘားအံရဲ့ ခေါင်မိုးလို့ တင်စားရလောက်ပြီး မြူခိုးတွေနဲ့အရမ်းလှနေတဲ့ ဇွဲကပင်တောင်ခြေမှာရှိတဲ့My Hpa-An
Residence ByAmata🍀
🏡ဇွဲကပင်တောင်ခြေက သစ်သားအိမ်လေးနဲ့ တောအုပ်လေးဝန်းရံထားတဲ့ My Hpa-an Residence by Amata
Credit -Popular Paoh Stars
.
မြန်မာ့အလှ မြန်မာ့ဘ၀
#photocredit
