Jeanne Calment လို့အမည်ရတဲ့ အသက် ၉၀ အရွယ် အမွေဆက်ခံသူ မရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ရှေ့နေတစ်ဦးနဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ် အဲ့ဒီစာချုပ်အရ သူမ ကွယ်လွန်သွားတဲ့အခါ သူမရဲ့တိုက်ခန်းကို ရှေ့နေက ပိုင်ဆိုင်ရမှာဖြစ်ပြီး အဲဒီအတွက် အပေးအယူလုပ်တဲ့ အနေနဲ့ ရှေ့နေဖက်က သူမ ကွယ်လွန်ချိန်အထိ လစဉ်ထောက်ပံ့ကြေး ပေးရမှာဖြစ်ပါတယ် 
မထင်မှတ်ထားဘဲ Jeanne Calment ဟာ ရှေ့နေထက်တောင် အသက်ပိုရှည်ခဲ့ပြီး ရှေ့နေရဲ့ဇနီးသည်က အဲဒီငွေကို ဆက်လက်ပေးချေခဲ့ရပါတယ် နောက်ဆုံးမှာတော့ သူမဟာ တိုက်ခန်းရဲ့တန်ဖိုးထက် နှစ်ဆလောက် ပိုများတဲ့ ငွေပမာဏကို ရရှိခဲ့ပါတယ် အဲ့ဒီနောက် သူမဟာ ၁၉၉၇ ခုနှစ် အသက် ၁၂၂ နှစ် အရွယ်မှာကွယ်လွန်ခဲ့ပါတယ်
 
         
 
		  
		 
		 
		 
                