2 ပတ် - ဘာသာပြန်ပါ။

ဆိုပါတော့
ညိုရင်လည်း တပြည်လုံးညို
ပြိုရင်လည်း တပြည်လုံးပြို
ကိုယ့်ရှိတဲ့အရပ်လေးမှာပဲ ငိုနေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ မိုးရာ
ဆိုတော့
ခါး
ရတယ် သစ္စာရှိရှိသာ ခါး
ငါလည်း ဘယ်သကြားနဲ့မှ မမှားအောင်နေမယ်
ကိုယ့်ဆီမှာ ခါးပြီး
တဖက်မှာတော့ အချိုသတ်နေတာမျိုး မဖြစ်စေနဲ့ပေါ့ ကော်ဖီရာ
စိမ်းမယ်ဆို
တပင်လုံးစိမ်း
ကိုယ့်ဆီမှာ စိမ်းပြီး
တဖက်မှာ အပွင့်တွေ ဝေနေတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ သစ်ပင်ရာ။
ဆိုလိုရင်းကတော့
သစ္စာရှိရှိသာ ဆိုရင်ပေါ့
ညို့သခင် ( စိတ်စေရာ)