စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿ(၆၃၀၀)ကျပ်ဖြင့်ရောင်းချရန် သတ်မှတ်၊ဖုန်းဆက်မှာယူနိုင်
-----------------------------------------------------------------
၂၀၂၅ခုနှစ်၊သြဂုတ်လ၊(၂၆)ရက်
အခုအပတ်မှာတော့ စားအုန်းဆီတစ်ပိဿာ (၆၃၀၀) ကျပ်ဖြင့်ရောင်းချဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က စားအုန်းဆီတစ်ပိဿကို ရည်ညွှန်း ဈေး (၆၂၈၅)ကျပ်ရှိခဲ့ရာမှ အခုအပတ်မှာလည်း တစ်ပိဿကို(၆၃၀၀)ကျပ်နဲ့ရောင်းချဖို့ သတ်မှတ်ပေးလိုက်တာဖြစ်ပါတယ်။
၂၀၂၅ခုနှစ် သြဂုတ်လ(၂၅ )ရက်မှ(၃၁)ရက်အထိ စားအုန်းဆီတစ်ပိဿကို အခြေခံလက်ကားရည်ညွှန်းဈေး ၊(၆၃၀၀)ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ဈေးကစားဖို့ရည်ရွယ်ပြီး သိုလှောင်ထားပါက အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
