2 ပတ် - ဘာသာပြန်ပါ။

အားလုံးပဲမင်္ဂလာပါရှင်။
ဒီနေ့ကတော့ စာညွှန်းဆိုတာထက် စာအုပ်တစ်ခုကို ဖတ်ပြီး ဘယ်လို ခံစားရလဲဆိုတဲ့ ခံစားချက်ကိုပြောပြပါ့မယ်။
ဇင်နွယ် အခုတလောမှာတော့ ဆရာတော်ကောင်းမင်း တရုတ်ဘာသာကနေပြန်ဆိုရေးသားထားတဲ့ ပဲ့တင်သံ Echo ဆိုတဲ့ စာအုပ်ကို ဖတ်လို့ပြီးပါတယ်။ စာအုပ်က စာမျက်နှာ ၅၀၀ ကျော်ရှိလို့ ဝတ္တုကအတော်အသင့်ရှည်ပါတယ်။
ဒီစာအုပ်ရဲ့ အဓိကအကြောင်းအရာက လူသတ်မှုတစ်ခုကို ဖေါ်ထုတ်တဲ့ ရဲမေတယောက်ရဲ့ အိမ်ထောင်ရေးအကြောင်းနဲ့ အဲဒီရဲမေ စုံစမ်းနေတဲ့ အမှုအကြောင်းကို ရေးသားထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
ဖတ်ပြီး ဇင်နွယ့်ခံစားချက်ကတော့ ဇာတ်လမ်းကို မရှည်ရှည်အောင်ဆွဲဆန့်လွန်းတယ်လို့ မြင်ပါတယ် ဉပမာ သူသံသယတရားခံတွေကို မေးမြန်းတဲ့နေရာတွေ ထပ်ခါထပ်ခါ ထည့်ရေးထားပါတယ်၊ နောက်ပြီး ရဲမေ ကသူ့ရဲ့ အိမ်ထောင်ဖက်အပေါ် အင်မတန်မှကို “ရစ်” လွန်းတယ်ဆိုတဲ့ စိတ်တွေဖြစ်ပြီး ဖတ်ရတဲ့လူကိုတောင် စိတ်ညစ်လာစေပါတယ်။ နောက်တချက်ကတော့ စာအုပ်ရဲ့ စကားပြောတွေမှာ မလိုလားအပ်ပဲ နိုင်ငံခြားကရော တရုတ်နိုင်ငံက စာကြီးပေကြီးတွေကို ထည့်ကိုးကားလွန်းတယ်လို့မြင်ပါတယ်။
သူအမှု လိုက်နေတဲ့ မှုခင်းရေးရာမှာလည်း ထင်သလောက် သည်းထိပ်ရင်ဖိုမရှိပဲ လိုရင်းကို ရောက်ဖို့ အတော်ကြာကြာဖတ်လိုက်ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။

image