2 w - Translate

အိုဟိုင်းယိုးပြည်နယ်က ဇနီးမောင်နှံတွေဖြစ်ကြတဲ့ Scierra Blair နဲ့ Jose Ervin တို့ဟာ သူတို့ရဲ့မွေးနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နဲ့ တထပ်တည်းကျတဲ့ နေ့ မှာဘဲ သူတို့ရဲ့ အမွှာကလေးနှစ်ယောက်ကို မွေးဖွားခဲ့ပြီး မမေ့နိုင်စရာ မိသားစုမှတ်တိုင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်
Jose Ervin III နဲ့ Ar’ria Lannette Ervin လို့ အမည်ပေးထားတဲ့ အမွှာပူး ညီအစ်ကိုနှစ်ဦးဟာ ဩဂုတ်လ ၁၈ ရက်နေ့ Cleveland Clinic Hillcrest ဆေးရုံမှာ တစ်မိနစ်ဘဲ ခြားပြီး မွေးဖွားခဲ့တာပါ Jose က မနက် ၁၂ နာရီ ၃၅ မိနစ်မှာ မွေးဖွားပြီး Ar’ria ကတော့ မနက် ၁၂ နာရီ ၃၆ မိနစ်မှာ မွေးဖွားခဲ့ပါတယ်
ဒီစုံတွဲဟာ ၂၀၂၂ ခုနှစ်တုန်းက မွေးနေ့အတူတူဖြစ်လို့ ရင်းနှီးခဲ့ကြရာကနေ သူတို့ရဲ့ ချစ်ခရီးလမ်းကို စတင်ခဲ့တာ ဖြစ်ပါတယ်
ကိုယ်ဝန်ဆောင်စဉ်မှာ Jose ဟာ မိသားစုဝင်လေးဦးစလုံး မွေးနေ့အတူတူ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲဆိုပြီး မကြာခဏ ပြောလေ့ရှိပါတယ် ဆရာဝန်တွေက ခွဲစိတ်မွေးဖွားဖို့ ဩဂုတ်လ ၁၇ ရက်နေ့ကို ရက်ချိန်းပေးခဲ့ပေမယ့် ဒီစုံတွဲကတော့ သဘာဝအတိုင်း မွေးဖွားချိန်ကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်
သူတို့ရဲ့ စောင့်ဆိုင်းမှုက မိသားစုတစ်စု လုံး မွေးနေ့တစ်ရက်တည်းဆိုတဲ့ အကောင်းဆုံးလက်ဆောင်ကို ယူဆောင်လာခဲ့ပြီး ချစ်ခြင်းမေတ္တာ၊ ကံကြမ္မာနဲ့ အံ့ဖွယ်ရာတွေက နွေးထွေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image