2 w - Translate

ဘဝအိပ်မက်ပန်းအိပ်မက်
"ကွယ်လွန်အနိစ္စရောက်ခြင်းသည် ဤကမ္ဘာ၊ ဤလောက၊ ဤသံသရာကြီးတွင် သက်ရှိသတ္တဝါတိုင်း မလွဲမသေရင်ဆိုင်ရမည့် အရိုးစင်းဆုံးသော ကိစ္စတစ်ရပ်ဖြစ်လေသည်။
အရေးကြီးသည်ကား လူ့ကမ္ဘာရောက်လာ‌သော လူသားတစ်ဦးသည် သူအသက်ရှင်စဉ်ကာလတွင် ဘာတွေကို တွေး၍ ဘယ်လိုခံယူကာ ဘယ်လိုပြောဆို လှုပ်ရှားနေထိုင်သွားသည်ဟူသော အချက်သာဖြစ်သည်။"
လူတစ်ဦးချင်းသည် သူ၏တန်ဖိုးကို သူ၏လုပ်ရပ်ဖြင့် ဘဝဇာတ်ခုံတွင် တင်ဆက်၍ သက်သေပြသွားကြမြဲ ဖြစ်လေသည်။
တလောကလုံးကို မကောင်းမြင်စိတ်နဲ့သာကြည့်တတ်သူ ဦးဘပွား၊ ပညာတတ်ပင်စင်စားဖြစ်ပေမယ့် နိုင်ငံရပ်ခြားကသားသမီးတွေရဲ့အဝေးမှာ တဦးတည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရင်း အထီးကျန်စွာဘဝကိုဖြတ်သန်းနေရသူ ဦးဘပွား။
အရက်သမားဖခင်ဖြစ်သူနှင့်အတူနေထိုင်ပြီး လခနည်းသော် သားအဖနှစ်ယောက်ခြွေးခြံချွေတာကာ စားသောက်ရင်း အယောင်ယောင်အမှားမှားနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ တခုလပ်လူပျိုကြီး ကိုကောင်းထက်။
အရက်ကသာဘဝ အရက်ကသာကိုးကွယ်ရာဆိုပြီး ဘဝတစ်ခုလုံးကို အရက်ဆိုင်သွားရင်းသာ ကုန်ဆုံးချင်တဲ့ ဦးထင်ဆိုတဲ့ ကိုကောင်းထက်ဖခင်၊ သူတို့နှစ်ဦးရဲ့ဘဝထဲ မထင်မှတ်ပဲ ကံကောင်းဆိုတဲ့ကလေးလေး။
သားသမီးသုံးဦးနဲ့အတူ မိသားစုငါးယောက်အတူတကွနေထိုင်ရင်း သားသမီးတွေအပေါ် လိမ်မာရေးခြားရှိအောင်သွန်သင်ဆုံးမပေးတတ်တဲ့ မခင်လှနဲ့ကိုရဝေတို့ရဲ့ သာယာလှပတဲ့ မိသားစုလေးရဲ့ကံကြမ္မာ။
အတင်းပြောခြင်းကို ခုံမင်ပြီး ကပ်စေးနည်းတတ်ပေမယ့် ကြင်နာတဲ့နှလုံးသားကိုပိုင်ထားတဲ့ အိမ်ယာပိုင်ရှင် ဒေါ်ရွှေနုနဲ့ သမီးမမွှေးကြူတို့ရဲ့ အဆင်ပြေလှတဲ့ဘဝ။
ဘဝအခြေအနေမတူကြသော မိသားစုလေးစု တန်ဖိုးနည်းအိမ်ယာမှာနေထိုင်ကြရင်း မထင်မှတ်တဲ့ ကံကြမ္မာတစ်ခုနဲ့ရင်ဆိုင်ကြရပြီး ပြောင်းလဲလာပုံတွေကို လှလှပပလေးတင်ဆက်သွားနိုင်တဲ့ ဆရာမ မစန္ဒာရဲ့ စာအုပ်ကောင်းလေးတစ်အုပ်။
"ပန်းကလေးများသည် ဖူးလာပွင့်လာကြသည်၊မွှေးပျံ့ထုံသင်းလာကြသည်။ ထို့နောက်ညိုးနွမ်းခြောက်သွေ့ကာ နောက်ဆုံး၌ကြွေလွင့်ကြရလေသည်"
သေဆုံးရမည်ကို ကြောက်လန့်ကာ ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စား ဘာမှကောင်းတာမလုပ်ပဲ နေထိုင်ကြသောသူများ ဖတ်သင့်သည့် စာအုပ်ကောင်းတအုပ်။
#ဘဝအိပ်မက် ပန်းအိပ်မက်
#မစန္ဒာ
#စိုင်းခွန်သာ

image