11 ပတ် - ဘာသာပြန်ပါ။

ရောမနတ်ဘုရား ဂျူပီတာသည် မကြာခဏ မကောင်းမှုများ လွန်ကျူးတတ်သည်။ ဒဏ္ဍာရီအရ သူသည် သူ့ ဆိုးယုတ်မှုများကို တိမ်တိုက်များဖြင့် ဖုံးကွယ်ထားရာ သူ ဘာလုပ်နေသည်ကို မည်သူမျှ မမြင်နိုင်ပေ။ သို့သော် သူ၏ ဇနီးသည်က ထို တိမ်တိုက်များကို ဖြတ်ကျော် ကြည့်နိုင်ပြီး သူ၏ ဆိုးယုတ်မှုများကို စောင့်ကြည့်နိုင်သော စွမ်းအား ရှိထားသည်။ သူမ၏ အမည်မှာ ဂျူနိုပဲ ဖြစ်သည်။
ထို ဒဏ္ဍာရီကို ယူ၍ တိမ်တိုက်များ ဖုံးကွယ်နေသော ဂျူပီတာ၏ အတွင်းသဏ္ဍာန်ကို စူးစမ်းလေ့လာ သိရှိရန် ဂျူနိုဟု အာကာသယာဉ်ကို အမည်ပေးကာ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။⁩

image