11 ပတ် - ဘာသာပြန်ပါ။

အချစ်နဲ့အတူခရီးသွားပါ
မယူခင် အတူခရီးသွားပါ။
လက်မထပ်ခင် သေချာပေါက် ခရီးအတူသွားကြည့်ပါ။
ဒါမှကိုယ့်အနွံနာဘယ်လောက်ခံနိုင်လည်း ပိုပြီးသိလာမှာပါ။ပုံမှန်နေ့တွေမှာတစ်နေ့ တစ်နာရီ နှစ်နာရီလောက်ပဲကိုယ့်ဒဏ် ခံချင်ခံမယ်။ ခရီးသွားတဲ့အခါ အချိန်အကြာကြီးအတူရှိနေတော့ အဲချိန်ကြမှ သေချာလေးလေ့လာနိုင်မှာလေ၊
ခရီးသွားတာက လူတိုင်းပျော်ချင်လို့ စိတ်အပန်းပြေချင်လို့သွားတာမို့ အဲချိန်စိတ်ရှုပ်ရရင် ဘယ်သူမှကြိုက်မှာမဟုတ်ဘူးနော်၊ ဒီချိန် ကိုယ့်ဘက်က နည်းနည်းဆိုးကြည့်လိုက်ပါ၊
ခရီးသွားရင် ဟိုဟာလေးစားချင်လို့ ဒါလေးစားချင်လို့ ၊ မိန်းမသဘာဝ မုန့်စားဖို့ပဲပူဆာပါ၊ လိုက်လုပ်ပေးမလားပေါ့
ရောက်တဲ့မြို့က စျေးလေးသွားချင်လို့၊ ဘာလေးဝယ်ချင်လို့ပါပေါ့ လိုက်ပို့ပေးမလားပေါ့၊ ခရီးသွားနေတာ စိတ်ရှုပ်ဖို့ကောင်းတယ်ပြောရင်တော့….
( အဲ့မြို့မှာဘာနာမည်ကြီးလဲတော့ ကြိုစုံစမ်းသွားဖို့တော့ လိုမယ်နော်)
အလှအပဓာတ်ပုံတွေ များများရိုက်ခိုင်းပါ။မိန်းကလေးအများစုကတော့ ခရီးသွားရင် လှလှရိုက်ချင်ကြတာပဲ၊ မေအပါအဝင်ပေါ့၊” ရိုက်လို့မပြီးတော့ဘူးလား၊ ဒီဓာတ်ပုံဆိုရင်တော့” ဒီလောက်ခဏတာလေးတောင် မစောင့်နိုင်ရင်……
ညီမလေးသာ အိုင်တင်ကောင်းရင် ကားပေါ်မှာမူးပြလိုက်လို့ရသေးတယ်။ တစ်ခါနှစ်ခါလောက် ပျို့ပြလိုက်၊ မူးပြလိုက်ပါ၊ ရွံ့တယ်ဆိုတဲ့ယောကျ်ားပဲဖြစ်ဦး၊ ချစ်ရင်တော့ အဲလောက်တော့ ပြုစုပေးတတ်ရမယ်၊ အဲလောက်မှ မဟုတ်ရင် လက်ထပ်ပြီး
ကလေးမွေးတဲ့အခါ…..တွေးကြည့်လိုက်တော့
ထပ်ပြောချင်တာ နှစ်ယောက်တည်းသွားပါလို့
မဆိုထားပါဘူးနော်
မြန်မာဓလေ့အတိုင်း မိဘတွေလည်း စိတ်ချမ်းသာအောင် သူငယ်ချင်းတွေနဲ့အတူ သွားစေချင်ပါတယ်။ မြန်မာမိန်းကလေးတိုင်း တန်ဖိုးရှိနေဖို့လိုတယ်။
သူငယ်ချင်းတွေနဲ့သွားရင် နောက်ထပ်လေ့လာနိုင်တာတစ်ခုက သူကအပေါင်းအသင်းတွေကြား
ကိုယ့်ကို ဘယ်လိုနေရာထားလဲဆိုတာပါ လေ့လာနိုင်မှာပါ၊ လူရှေ့သူရှေ့ အော်ရင်တော့ 😡
ဒီလောက်ပါပဲ ၊ မယူခင်ခရီးအတူသွားပါ
ချစ်တဲ့မေ❤️
#သွားမယ်&တည်းမယ်
#winthtetaung
#myanmartravel
Credit Zaw&Me-Japanese Blog

image