11 ပတ် - ဘာသာပြန်ပါ။

ကညွတ်ရဲ့သ​ဘောက ဤသို့ ဤပုံ)
​ခေါင်း​ဟောင်းစိုက်ပြီး
၂ရက်မှ ၅ရက်အတွင်း
အစို့ထွက်တာမြင်ရပါမယ်
ပျိုးပင်စိုက်ပြီး ၅ရက်မှ ၇ရက်အတွင်း
အပင်​ဟောင်းကျခါ အပင်သစ်
ထွက်ပါမည်...
အပင်သစ် အစို့သစ်ထွက်ပြီး
၁​လ​ကျော် ၂လ​လောက်မှ အပင်ကငြိမ်တာပါ ဒီကြားထဲအရမ်းကြီးမဆိုးရိမ်ကြပါနဲ့ ​
ရေလို​ရင်ရေ​ပေး ​ပေါင်းထူရင်​ ပေါင်သင် ​မြေကျတ်ရင် ​မြေဆွ ၁လခွဲ​နောက်ပိုင်း
အစာလိုရင် အစာ​ကျွေး ဒါ​တွေပဲပုံမှန်
လုပ်​ပေး​ကြပါ​နော်...
အစာဆိုသည်ကား
နွား​ချေး သို့ ကြက်​​ချေး အဆင်​ပြေရာနဲ့
စပါးခွံ စက်ဖွဲပြာ လွှစာမှုန့် ရှိရာနဲ့
EM သို့ ငါးမိုင်နို သို့ ​ရေစိမ်း ဖျန်းခါ
စတူ​ရော၍သမ​​အောင်မွှေပြီးနှပ်ထား
ချွန်ချွန်​လေးပုံ အိတ်အကြည်
အိတ်အမည်း ရှိရာနဲ့ ​လေလုံ​အောင်
အုပ်ထားပြီး၁၅ရက်​နောက်ပိုင်း
စ​ကျွေးလို့ရပါပြီ...နှပ်ပြီးအစာသည်
ဆုပ်လုံး ထိုးကွဲ အ​နေအထားဖြစ်ရပါမည်
ဆိုလိုချင်တာက ဆုပ်လိုက်ရင် အလုံး​လေးဖြစ်ရမည် လက်နဲ့ထိုးလိုက်ရင် ကွဲသွားရမည် ​အဓိက ကရေမများဖို့ပါ ​ရေများရင်
ပုတ်၍ ​လောက်ကျခါ အဆင်မ​ပြေနိုင်ပါ
စိုက်ပြီးကညွတ်ကိုအထူးဂရုစိုက်ပါ
​​ရေ​ပေးအစာ​​ကျွေး ​ပေါင်သင် လုပ်နိုင်ရင် လုပ်နိုင်သလို အထွက်တိုးမယ် အစို့လှမယ်
အဆင်မ​ပြေတာ နားမလည်တာရှိက
အချိန်မ​ရွေးဖုန်းဆက်​မေးပါ
အထက်​ဖော်ပြပါ အစာသည်
သီးနှံတိုင်းတွင် သဘာ၀​မြေသြဇာအဖြစ်
ထည့်သုံးနိုင်ပါတယ်ခင်ဗျာ။
မှတ်ချက်/ကညွတ်ဆိုတာသူ့ကို​ကျွေးရင်
ကိုယ့်ပြန်​ကျွေးတယ်လို့သာ
မှတ်ထား​ပေးပါ ကညွတ်ချစ်သူတို့။
လိုအပ်သူများ လွတ်လပ်စွာ Shareထား Save ထားနိုင်ပါတယ်ခင်ဗျာ...?

image
image
image