11 ပတ် - ဘာသာပြန်ပါ။

ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံး
--------------------------------------
ဂါဇာကမ်းမြှောင်ဒေသတောင်ပိုင်း ခန်းယူနစ်စ်မြို့ရှိ Nasser ဆေးရုံကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အစ္စရေးက လေကြောင်းမှတိုက်ခိုက်ရာ သတင်းထောက် ၅ ဦးအပါအဝင် လူ ၂၀ သေဆုံးသွားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် Nasser ဆေးရုံအဆောက်အုံ စတုတ္ထထပ်ကို ထိမှန်ခဲ့ပြီး ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ကယ်ထုတ်ရန် လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေးသမားများ ရောက်လာချိန်တွင် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံခဲ့ရသည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

image
image
image