7 ရက် - ဘာသာပြန်ပါ။

အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့၊
ဖြူတာချင်းတူပေမယ့် သကြားကပဲချိုတာ
ဆားကမချိုဘူး၊ တချို့ကအတွင်းကောက်တွေ။
ခါးတာချင်း တူပေမယ့် အသွားအလာချင်းက
မတူဘူး၊ ကော်ဖီဆိုတာ နဂိုကတည်းက
"ခါးတာ" လူတစ်ချို့က မလိုတော့မှ "ခါးတာ"
ရေရှိတိုင်းလည်း ငါးမရှိနိုင်သလို
လူဖြစ်တိုင်းလည်း စိတ်ကောင်းမရှိနိုင်ပါဘူး။
ထို့ကြောင့် လူတွေနဲ့ဆက်ဆံတဲ့အခါ
အရာရာမှာသတိရှိပါ။
ခင်မင်လှပါတယ် ယုံကြည်ရပါတယ်
ဆိုပြီး၊ ဘယ်သူ့ကိုမှ စကားအကုန်မပြောမိစေနဲ့
မှတ်ထား သစ္စာဖောက်တယ်ဆိုတာ
လူရင်းတွေကပဲ သစ္စာဖောက်ကြတာပါ။
သူစိမ်းတွေ ပေးတဲ့ ဒဏ်ရာထက်
လူရင်းတွေ ပေးတဲ့ ဒဏ်ရာက ပိုနာကျင်ရပါတယ်။