သကြားမထည့်ဘဲ ကော်ဖီအရသာကို ပိုကောင်းအောင်လုပ်နည်း! 🌿
ကော်ဖီထဲကို ဆားအနည်းငယ်ထည့်လိုက်ရုံနဲ့ အရသာ ပိုကောင်းလာနိုင်တယ်ဆိုတာ ဘယ်သူကများ ထင်မိမှာလဲ။ ပုံမှန်အားဖြင့် ကော်ဖီမှာ တန်နင်နဲ့ ကက်ဖိန်းဓာတ်တို့ကြောင့် သဘာဝအတိုင်း ခါးတဲ့အရသာ ရှိပါတယ်။ အဲဒီအရသာကို ဆားက လျော့ချပေးနိုင်ပြီး ကော်ဖီမှာပါတဲ့ သဘာဝအရသာကို ပိုမိုပေါ်လွင်စေပါတယ်။ ဒါကြောင့် သကြားလုံးဝမပါဘဲနဲ့ ကော်ဖီက ပိုချိုလာသလို ခံစားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆားက ကော်ဖီအရသာကို သာမန်ထက်ပိုပြီး ချောမွေ့စေကာ အနံ့ကိုပါ ပိုမိုမွှေးပျံ့စေပါတယ်။ ဒါကတော့ ကော်ဖီသောက်တဲ့အခါ သကြားမထည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။
ပြုလုပ်ရလွယ်ကူတဲ့ အဆင့် (၃) ဆင့်
၁။ ပုံမှန်အတိုင်း ကော်ဖီဖျော်ပါ။
၂။ ဆားကို လက်ညှိုးနဲ့ လက်မကြား အနည်းငယ် သို့မဟုတ် လက်ဖက်ရည်ဇွန်းရဲ့ ၈ ပုံ ၁ ပုံလောက် ထည့်ပါ။
၃။ ကော်ဖီနဲ့ ဆားကို သေချာမွှေပြီး အရသာမြည်းကြည့်ပါ။ ပုံမှန်ထက် ပိုမို ချိုမြိန်ပြီး အရသာရှိတဲ့ ကော်ဖီကို ရရှိပါလိမ့်မယ်။
စမ်းကြည့်လိုက်ပါ၊ ဒီနည်းလမ်းကို သိသွားပြီဆိုရင် သကြားထပ်မထည့်ချင်တော့ဘဲ ဒီနည်းလမ်းလေးအတိုင်းပဲ အမြဲသောက်ချင်နေမှာ အမှန်ပါပဲ။
crd
